* ကိုးလ လွယ် ဆယ် လဖွား
ခန္ဓာကိုစ တေးအသက်ပေးကာ
မွေးခဲ့တာမို့ ဇမ္ဗူတစ်ခွင် မှာ
ပူဇော်ထိုက်တာ အမေပါ....
*ဗုဒ္ဓမြတ်စွာ ဟောခဲ့တာ လည်း ခန္ဓာကိုစ တေးအသက်ပေးကာ
မွေးခဲ့တာမို့ ဇမ္ဗူတစ်ခွင် မှာ
ပူဇော်ထိုက်တာ အမေပါ....
အမေ ဟာဗြဟ္မာ ဆိုခဲ့တာကြောင့်
ပူဇော်ထိုက်တာ အမေပါ ...
*သားတို့ဘဝ လမ်းမှန် ရအောင်
သွန်သင်ပြသ ဆုံးမခဲ့တာမို့
အမေ ဟာလက်ဦးဆရာ ဆိုခဲ့တာကြောင့်
သွန်သင်ပြသ ဆုံးမခဲ့တာမို့
အမေ ဟာလက်ဦးဆရာ ဆိုခဲ့တာကြောင့်
ပူဇော်ထိုက်တာ အမေပါ...
*ကျွေးမွေးစောင့်ရှောက် လူလားမြောက်အောင် ပြုစု ခဲ့တာမို့
အမေ ဟာအိမ်ဦးနတ်ပမာ ဆိုခဲ့တာကြောင့်
ပူဇော်ထိုက်တာ အမေပါ...
*အ ဝေးက ဆောင်ယူ ပူဇော်ထိုက်သူမို့
အမေ ဟာ အာဟုနေ ယျာ ဆိုခဲ့တာ ကြောင့်
အမေ ဟာ အာဟုနေ ယျာ ဆိုခဲ့တာ ကြောင့်
ပူဇော်ထိုက်တာ အမေပါ............