Sunday, March 16, 2014

အဖြည့်​ခံပန်း​ခ​ရေ (ခွန်​ထွိုက်​ခမ်း)

တော်ဝင်နန်းထိုက်ပန်းသဇင်လို
တန်ဖိုးကြီးမြတ်မနေပေမဲ့
ပန်းခရေဟာ.....
ချစ်သူမွှေးကြူချိန်တိုင်း
သင်းပျံ့တဲ့ရနံ့လေးကို
ပေးစွမ်းနိုင်ပါတယ်။
ချစ်သူလျှောက်မဲ့လမ်းကလေးမှာ
ပန်းခင်းလမ်းအဖြစ်
ဖန်တီးပေးမဲ့ပန်းခရေလေးပါ။
နင်းချေဖြတ်လျှောက်သွားတဲ့
ချစ်သူ့ကျောပြင်ကိုကြည့်ပြီး
တသသလွမ်းဆွတ်နေမဲ့ပန်းကလေးပါ။
နင်းချေခံရပေမဲ့
ချစ်သူနှစ်သက်တဲ့ရနံ့လေးကိုတော့
ထိန်းသိမ်းထားဆဲပါ။
ရာသီတွေအလီလီပြောင်းပေမဲ့
မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့
ချစ်သူအတွက်ကြွေကျ
မြေခပေးမဲ့ပန်းခရေလေးပါ။
စာနာနားလည်စွာနဲ့
တချက်ကလေးစောင်းငဲ့ကြည့်ပါ။
ခက်ခဲပင်ပန်းပါစေ.....
ချစ်သူအတွက
်အစွမ်းကုန်ပွင့်ဖူးပေးမဲ့
ချစ်ပန်းခရေလေးပါ

♥♥ခွန်ထွိုက်ခမ်း​​​​​​​♥♥