ငါ့နှလုံးသားတစ် စုံကိုပဲ
အပြစ်ဆိုရ လေ တော့မလားပဲ
ရင် ခုန်သံတွေ ကလည်း
နေ့ စဉ် နဲ့အမျှငို ကြွေး နေတရ်
အ တွေးစိတ် ပေါင်းများလည်း
သူ့အ ကြောင်းပဲတွေး နေရ တော့
ရူးသွားတော့ မ လောက်ပဲ
အိပ် မက်တွေက လည်း
သူ့အ ကြောင်းတွေပဲမက် နေတော့
ယောင်ယမ်းပြီး ထခေါ်မိတဲ့အဖြစ်တွေက
အိပ်ပျက်ညဉ့် တွေကို ရှည် စေခဲ့တရ်
တွေးပြီး လွမ်း
လွမ်းပြီး ဆွေးရင်း
လွမ်းဆွေးနေရတဲ့ အဖြစ်ကို
စိတ်ပျက်စွာသယ်ယူ နေ ရ တော့
ရှည်လျားလွန်းလှတဲ့
ဆောင်းညဉ့်တာတွေကို
မုန်းမိတရ်
ဟင်........
ငါ့ဖြစ်ပုံစနစ်စုံကို
ဆန်း စစ်ကြည့်တော့
ငါ့အပြစ် ပါပဲလေ
သူ့ကမ္ဘာ လေးထဲ
ငါ့နှလုံးသားတစ်စုံက
အလည် ဝင်ခဲ့ မိတာကို။