Sunday, March 16, 2014

ချစ်​​သောသူသို့......တမ်းတခြင်း {ခွန်​ထွိုက်​ခမ်း}

အိပ်မပျော်လို့မင်းလေးကို သတိရတာမဟုတ်ပါဘူး
မင်းလေးကိုသတိရလွန်းလို့
အိပ်မပျော်တာပါဆိုတဲ့စကားအတိုင်း
ငါလေ မင်းကိုသတိရပြီး
တမ်းတနေခဲ့မိတယ်
ဘာပဲဖြစ်ဖြစ်လေ........
သူလည်း သတိရနေမှာပဲ ဆိုတဲ့
စိတ်ကူးယဉ်မျိုးနဲ့ ငါကျေနပ်နေတာပါ.......
တချိန်ချိန်ဆိုတဲ့
မျှော်လင့်ချက်အလင်းရောင်တွေဟာ 
ငါအတွက်တော့အားဆေး လေးပေါ့........
ဒါတွေဟာလည်း
ငါကမင်းကိုချစ်ခဲ့တာပဲလေ......