Sunday, March 16, 2014

အ​ကြောင်းပြချက်​​လေး​တော့​ပေး​စေချင်​ (အယ်​ခဲလူ)

တစ်ခါတစ်ခါ
အိပ်မရမှု့များစွာနဲ့
အ ဖေါ်ပြုလာခဲ့တာ
နေ့မှန်းညမှန်းတောင်
မခွဲခြားတတ် တော့ချစ်သူ
တစ်ခါတစ်ခါ
တစ်ယောက်တည်း
စကားပြောနေတတ်တာ
ကိုယ့်အ ပေါင်းသင်းတွေက
ကိုယ့်ကိုအရူးလို့တောင်
ဗြောင်လှောင်နေကြပြီချစ်သူ
တစ်ခါတစ်ခါ
မ ကျေနပ်မှု့တွေကြောင့်
နံရံကိုလက်သီးနဲ့
ပစ်ကြွေးခဲ့တာလည်း
အကြိမ်ပေါင်းများစွာပါပဲ
ကိုယ်ဘာအမှားများ
ကျူးလွန်ခဲ့လို့လည်းချစ်သူရယ်
မင်းအတွက်ဆိုရင်
အသက်ကိုတောင်
စ တေးဝံ့သူပါ  

 အခုတော့ 
ဘုမသိဘမသိ
အစိမ်းသက်သက်
အသည်းခွဲခံရတာကိုတော့
ကိုယ်အခံရခက်လွန်းတယ်
ကိုယ့်အသည်းကိုခွဲတာ
အဘယ့်ကြောင့်ဘာ့ကြောင့်
ဘယ်အတွက်ကြောင့်လို့ဆိုတာ

အ ကြောင်းပြချက်လေးတော့
ပေးသင့်တာပေါ့
ခုတော့ချစ်သူရယ်
အရုပ်ကြိုးပြတ်သလို
မင်းရဲ့ဥပေက္ခာပြုမှု့အောက်မှာ
ကိုယ်စင်းစင်းမှောက်နေပြီ
ပြန်လည်မထူနိုင်တော့ဘူးချစ်သူ
ရက် စက် ရမှစားဝင် အိပ်ပျော်
မင်းစိတ်ချမ်းသာတယ်ဆိုရင်
ထူမ..ပေးဖို့
မကမ်းလင့်တော့ပါဘူး
မင်းအဆင်ပြေသလို
ခရီးဆက်ပါတော့ချစ်သူ
မင်းပျော်ရွှင် မယ်ဆိုရင်
ကိုယ့်အသက်ကိုစ
 
တေးရလည်း
  ကျေနပ်ပါတယ်။