Sunday, March 16, 2014

ဝရန်​တာ

ဝရန်တာ

သူနဲ့ကျွန်တော် ဝရန်တာပေါ်က​နေ
လက်ပြနှုတ်ဆက်
လွမ်းတဲ့ .. မနက်တိုင်း
(တစ်​ယာက်နဲ့တ​ယောက်)
ငေးကြည့်ကြတယ် ။

သူ့ကို ..(သူ့ရဲ့ ၀ရန်တာလေးမှာ)
တွေ့ရတဲ့အခါ .. အဲ့ဒီမနက်ခင်း
ငှက်​က​လေးတွေ သီချင်းဆိုကြတယ် ။

သူ့ကို မ​တွေ့ရတဲ့အခါ
အဲ့ဒီ မနက်ခင်းမှာ(ကျွန်တော် ရပ်နေတဲ့ ) ဝရန်တာကြီး ပြိုသွားတယ် ။
ငှက်​က​လေးတွေလည်း
ထွက်ပြေးသွားကြတယ် ။

မောင်​လှမျိုး