တိမ်စိုင်လေးတွေ မြင် နေဆဲမှာပဲ
လွင့်ပြယ်လိုသွားခဲ့တရ်
အ ဝေးဆီမှာ လင်းလက်နေတဲ့
ငွေကြယ်ပွင့်လေးတွေ တဒင်္ဂလေးမှာပဲ
ပျောက်ကွယ်လိုသွားခဲ့တရ်
ငါ့ရင်တွေ
နာကျင် လာသလိုပဲချစ်သူရယ်
မတည်မြဲခြင်း မခိုင်မြဲခြင်းဆိုတဲ့
အ တွေးအသိပေါင်းမျုားနဲ့အတူ
ချစ်သူကိုပြေးမြင် လာမိတယ်
မင်းရဲ့အချစ်တွေ တိမ်စိုင်လေးတွေလို
မင်းရဲ့ကြင် နာယုယခြင်းတွေ တဒင်္ဂလေးနဲ့
ပျောက်ကွယ်သွားမှာကို
စိုးရိမ်ခြင်းတွေပိုနေမိတရ်
ငါ့ရင် ခုန်သံတွေ ငိုနေသလိုပဲချစ်သူရယ်
မင်းနဲ့ဝေးမှာကို ကြောက်လို့ထင်ပါရဲ့
သြော် ချစ်သူရယ်.........
မင်းနဲ့အတူမက်ခဲ့တဲ့
တိုနှစ်ယောက်အိမ်မက်တွေ......
မင်းနဲ့အတူရေးခဲ့တဲ့
တို့နှစ်ယောက် ချစ်ခြင်းကဗျာတွေ.........
မင်းနဲ့အတူတည်ဆောက်ဆဲ့
တို့နှစ်ယောက် ရဲ့ချစ်အိမ်လေး......
မင်းပျော်ရွှင်ကြည်နူးစေဖို့
ငါဖန်တီးထားတဲ့
အချစ်ပန်းဥယျာဉ်.........
ဒါတွေအားလုံး သက်ဆုံးတိုင်
ရှိနေ စေချင် တယ်ကွယ်
ထာဝရ ပေါ့ချစ်သူရယ်။