ဝင်းလဲ့ တောက် ပလွန်းတဲ့
အလှလေး တွေကို
ပိုင် ဆိုင် ထားသူရယ်
မင်း အကြည့်လေး တွေကြောင့်
ငါ့ရဲ့အသိစိတ်လေး တွေ
ခေတ္တမျှမင်းနှလုံးသားဆီ
အလည်ရောက်ခဲ့တယ်ဆိုတာ
မင်းသတိမတားမိဘူးနော်
မင်းနှလုံးသားမြို့ပြထဲက နေ
ပြန်လည်မထွက်ချင် မိတာ
အမှန်ပါ
ဒါပေမဲ့ မင်းလေးရယ်
ပိုင်ရှင် မသိပါပဲ ခိုးဝင်မိတဲ့
ကိုယ့်နှလုံးလေးကို
အပြစ်တော်ပြ
အမျက်တော်ရှပြီး
ဇက်တော်ကိုဓားကျမှာ
စိုးရိမ်တာကြောင့်
မင်းနှလုံးသားမြို့ပြထဲက
တစ်သက်သာခိုဝင် ချင် ပေမဲ့
မတတ်သာ ထွက်လာရတာပါ
မင်းလေးရယ် မင်းအတွက်
အပန်းမကြီးဘူးဆိုရင်
မင်းကမ္ဘာထဲမှာ ကိုယ့်ကို
ဥယျာဉ်မှုးလေးခန့်ပါလားကွယ်
မင်းမငြီးတမ်း ပန်ရစေဖို့
မင်းအတွက်ပန်းမျိုးလေးတွေ
စိုက်ပျိုးပေးချင် တယ်