Sunday, March 16, 2014

ချစ်​သူတမ်းခြင်း (​ငွေလဝန်း)

တကယ်ဆိုတော့
မေတ္တာအဏ္ဏဝါကို ဖြတ်သန်းပြီး
တဘက်ကမ်းကို အရောက်လှမ်းဖို့
ဒုက္ခကလည်း မသေးပါလားနော်​...
ဘာကြောင့်များ
ဒီလောက်ကြီးမား ပြင်းထန်လှတဲ့
လှိုင်းတံပိုးကြားမှာ ကူးနေရတာလည်းလို့
ငါ့ကိုယ်​ငါ အကြိမ်​ကြိမ်​​မေးမိတယ်
အဲဒါ နင့်​ဆီက
မေတ္တာတရားအတွက်​ဆိုရင်
မှာမယ်​မထင်​ပါဘူး။
ချစ်သူရယ်
ကမ်းခြေရောက်ရင်ငါလိုချင်တဲ့
မေတ္တာတခက်ပန်း
ဆင်မြန်းရတော့မယ်ဆိုတဲ့
ဇောကပိုနေတော့
မောရမှန်းမသိဘူးပေါ့
သောင်ကမ်းစပ်ပေါ်ရောက်တော့
မေတ္တာဆိုတဲ့ ဗလီပလာပန်းတွေ
မထင်မရှားဝိုးတဝါးနဲ့မို့
ကြိုးစားကြည့်ခဲ့ရပါတယ်ကွယ်
ပျောက်တခါ မိန်တလှည့်
ဖေါက်ပြန်တဲ့ အချစ်ပန်းကိုမှ
လိုချင်လွန်းလို့လိုက်ရဖမ်းရတယ်
မက်မောတယ်ဆိုတဲ့
စကားကြားဖူးကြမှာပါ
ပညာရှိကြီးတွေက
ဘယ်လိုအဓိပ္ပါယ်ဖွင့်မယ်ဆိုတာ
မသိပေမဲ့ ငါ့သဘောပြောရရင်
မက်လွန်းလို့မောရတယ်လို့ဆိုချင်လို့
နင့်မေတ္တာမက်လို့တမ်းတမ်းတတနဲ့
ချစ်အဏ္ဏဝါတဘက်ကမ်းသို့
လှမ်းခဲ့ရတာပါ
မျှော်လင့်ချက်များစွာဖြင့်ပေါ့ ချစ်သူ

♥​ငွေလဝန်း♥