Sunday, March 16, 2014

သူ့အတွက်​ (အယ်​ခဲလူ၏ ရင်​တွင်း​ဝေဒနာ)

ချစ်တယ်လို့ တ ဖွ ဖွ
ငါပြောခဲ့ပါတရ်။
သူဘာ့ကြောင့်
မယုံကြည် ရ တာလည်း
သူနဲ့ ဝေးနေ ချိန်
ငါ သိပ်လွမ်းတဲ့အကြောင်း
ဝေဒနာ ကို သူ သိအောင်
ငါ ကြေ ငြာ ပြခဲ့ပါတရ်
သူဘာ့ကြောင့်
ဂ ရု မစိုက်ခဲ့တာလည်း
သူနဲ့အတူ ရှိနေ စဉ်
သူပျော်ရွှင်ဖို့
ငါ့ပျော်ရွှင်မှု့တွေကို
ဥပေက္ခာပြုလို့
သူ့အရေးပဲ ဂရုစိုက်ခဲ့တာ
ဘာ့ကြောင့် ငါ့ကို
သူအ ရေးမထားချင် ရတာလည်း
ဘာကြောင့်........ဘာ့ကြောင့်.....ဆိုတဲ့
အလိုမကျ အ တွေးများစွာနဲ့
ငါ စိတ်အိုက် နေခဲ့တာလည်း
ကြာနေခဲ့ပါပြီ။
အခုတော့......
ရေး ရေး က လေးတွေးမိသလိုပဲ
ငါ့မှာက သူအထင်ကြီးတဲ့
တိုက်တွေ ကားတွေ မှ မရှိတာ
ငါ့မှာရှိတာ ချမ်းသာတာဆိုလို့
သူ့ကို မုန်းမရအောင် ချစ်တဲ့
အချစ် ပဲချမ်းသာတာကို
ဒါကို တစ်နေ့သူသိပါစေလို့
ဆုချွေနေရင်း
အသက်ဆက်နေတယ်လို့
ဆိုရလေမလားပဲ။