တစ်ချိန်က နှင်း တစ် စက်
ငါ့နှလုံးသား ထက်
ဆင်း သက် လို့ကြွေ လာခဲ့တယ်...
ဘယ် အချိန်တမ်းတ တမ်းတ
ဘယ် အချိန်သတိ ရရ
ရင် မှာ အေးမြ နေမြဲ...
မြင်မြင်ခြင်း ချစ် ပေမယ့်
ရင် ချင်း ဆက် အမွှာထက် သံယောဇဉ်ပိုခဲ့...
မ တွေ့ဆုံနိုင် ပေမယ့်
ချစ် စိတ်တွေမကုန် သလို
နေ့ ရက်တွေကြာလေ လေ
သစ္စာတွေခိုင်လေပါပဲ...
ဒီနှင်းတစ်စက်ကို
အမုန်းနေခြည်မ ဖက်
သောကမီးတွေ မသီပဲ
မေတ္တာ လေနု လေးနဲ့
ထာဝရ အေးမြ စေမှာပါကွယ်...
Published with Blogger-droid v2.0.10