Sunday, March 16, 2014

အရှုံးသမား

အရှုံသမား

မိန်းခလေးရယ်​....
သံယောဇဉ်တွေနဲ့ ရစ်နှောင်နေပေမဲ့
ဘဝက သစ်ငုတ်တိုလိုပါပဲ
မိန်းခလေးရယ်​....
မင်းကိုအသည်းနင့်အောင် ချစ်ခဲ့ပေမဲ့
လှောင်အိမ်ထဲက ငှက်တစ်ကောင်လိုပါပဲကွယ်
မင်းရဲ့ပရိယာယ်ပဟေဠိဆန်​ဆန်
နှုတ်ခွန်းဆက်သမှုတွေက
ငါ့အတွက်....အားအင်တစ်ခု
ဖြစ်ပေမဲ့လည်း လှောင်အိမ်ထဲက
ငှက်တစ်ကောင်ရဲ့ ဘဝကို
စာနာပါလို့ပြောချင်ပေမဲ့
ပကာသနတွေနဲ့ လွှမ်းခြုံထားတဲ့
မင်းရဲ့ဘဝထဲ ငါဆိုတဲ့.....
အတ္တဆန်လူသားတစ်ယောက်က
မင်းလေးရဲ့အလှကွန်ယက်ထဲမှာ
သမုဒယနွယ်ပင်နဲ့ နှောင်ဖွဲ့ချင်သော်လည်း
အရှုံးသမား ဘဝတစ်ယောက်ရဲ့

လုံးသားမှာ
မင်းပေးခဲ့တဲ့အမုန်းဒဏ်နဲ့ပဲ
အရှုံးပေးလိုက်ပါရစေလား
မင်းလေးရယ်​.....

♥ N L W ♥