တမ်းတမ်းတတအလွမ်း
ထာဝရမရှိတဲ့ တဒင်္ဂနေ့လေး ရှောင်ပြေးသူဘယ်ဆီမှန်းလို့
ဘယ်သို့လှမ်းရပါကွယ်
လွမ်းမျက်ရည်ဝေဝဲ သဲကနာကျင်
ရင်ဝယ်သောက ပူသမျှကို
ကြိတ်မှိတ်ခံစား ကန္တာရနွေအလားကွယ် ချစ်အပူ ညစ်ကျူသမျှကို
လှစ်ယူပြရင်ဖြင့် စိမ်းကားသူ
ရက်စက်သမျှ ရင်နဲ့မမျှခံစား ဪ....အချစ်တဲ့လား
နာကျင်ခြင်း....ပူဆွေးခြင်း...
မပြည်စုံခြင်းက
အကျည်းတန်တဲ့ ဒို့ဘဝရဲ့
အပြည့်အဝ ပိုင်ဆိုင်မှု့ပေါ့လေ....
နွေနေပူ ရင်မှာဆူဝေနေတဲ့ ဒို့ရင်ခွင်ကအလှတရား
နွေဥသြရဲ့လွမ်းတေးနဲ့ခံစားကြေကွဲရင်း ချစ်သူရယ်....
တမ်းတမျက်ရည်လား....
လွမ်းရမျက်ရည်လား....
ခါးသီးမှုကိုချိုမြိန်စွာသောက်သုံးလို့
တသသ မျှော်နေမယ်ကွယ် ။
❦ စွမ်းဈန်မြင့်မိုရ်❦