Sunday, March 16, 2014

ချစ်​သူသိ​လေ

ချစ်သူသိလေ

ချစ်သူသိလေ....
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊ မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊ ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊ ရရှိခိုက်မှ၊ ထာဝရတည်၊ ကာလရှည်လျား၊ နှလုံးသားမှာ၊ စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊ ပျံ့ဆွတ်စေ၏၊

ချစ်သူသိလေ...
မျက်နှာတွေ့မှ၊ မြင်​ခွင့်​ရတာ၊ မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးဝေး၊ အ​တွေးမှာရှိ၊ အကြည့်မှာမြင်၊ သူပဲထင်​တယ်၊ ကောင်းကင်​လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်​ပါ၏၊

ချစ်သူသိလေ.....
အသံကြားမှ၊ နားမှာဆတ်ဆတ်၊ ကြားလာတတ်တာ၊ မဟုတ်ပါလေ၊ စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်​လို၊ ရွှင်​ရွှင်​ကြည်မြ၊
ကြားနေရ၏၊

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊ ဘယ်လောက်ကွာမလဲ၊ ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊ ထာဝရထင်သော၊ ရင်​ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊ အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်​စိန်ဝင်း (ပုတီးကုန်း)