Tuesday, April 29, 2014

ဧပရယ်​မိုး N.L.W

ဧပရယ်မိုး

နင့်ကိုသတိရလွန်းလို့
တမ်းတမှုတွေနဲ့ နင့်ကိုစောင့်ရင်း
သန်းခေါင်ယံ ညဥ့်နက်ထိတိုင်
အိပ်စက်မရခဲ့ပါလား ချစ်သူရယ်​။
ဧပရယ်ညတစ်​ညရဲ့
မိုးချုန်းသံလျှပ်စီးရောင်အောက်မှာ
တုန်ရီမောဟိုက်စွာ
နင့်အကြောင်းကိုတွေး
လေမုန်တိုင်းတွေ တဟူးဟူးနဲ့ပေါ ။
ဧပရယ်ရဲ့
မိုးစက်နဲ့အတူ မျက်ရည်စတွေနဲ့
တစ်ချိန်က ငါ့ရင်ခွင်မှာ
နင်နွဲ့ဆိုးဆိုးနဲ့ တိုးဝှေ့လိုက်တိုင်း
ရီဝေနေတဲ့ .....
နင့်မျက်ဝန်းအိမ်မှ မျက်ရည်စကို
ညင်သာစွာ ငါသုတ်ပေးခဲ့တာ
အခုလို ဧပရယ်ရဲ့
ညတစ်​ည အချိန်မျိုးမှာပေါ့
ဒါကို'နင်သိပါလျက်နဲ့
တမင်ရှောင်ပုန်းနေတာလားကွယ်
ငါနင့်ကိုသတိရမှု,တမ်းတမှု,
လွမ်းဆွတ်မှု,တွေများလွန်းလို့
ငါ့ရင်မှာမွန်းကြပ်နေတဲ့
မျိုသိပ်မှုကို ဒီစာကိုဖတ်မိစဉ်
နင်ငါ့ကို သတိရပေးရင်
ငါကျေနပ်လှပါပြီ...
ချစ်သူ

N L W