Tuesday, April 29, 2014

ချစ်သူသို့တမ်းခြင်း(၂)

ချစ်သူသို့တမ်းခြင်း(၂)

*******************

လျှပ်စီးတွေကလည်း
တလျှပ်လျှပ်နဲ့
မိုးတွေကလည်းအငြိုးတကြီး
သဲကြီးမဲကြီးရွာသွန်းနေတယ်
ချစ်သူတစ်ယောက်
တွေးကြောက်ကာ
အားငယ်နေမလားနော်​.....
လျှပ်စီးခတ်တိုင်းအလန့်တကြား
ရင်ခွင်သို့ပြေးဝင်
ကြောက်အားပိုတတ်တဲ့ချစ်သူကို
မိုးမှောင်ကျတိုင်း ပြေးသတိရမိတယ်
မိုးချုန်းသံကိုသေမလောက်ကြောက်တဲ့ချစ်သူ
ဘယ်လိုများနေ,နေမလဲ...!
တွေးပူလိုက်တာချစ်သူရယ်
ချစ်သူဆီအပြေးပြန်လာလို့
ထွေးပွေ့ကာနှစ်သိမ့်ချင်ပေမဲ့
အနေဝေးနေတော့
ဘဝပေးအခြေအနေကို
စိတ်နာမိတယ်
ချစ်သူများ....ကိုယ့်ကို
စိတ်ဆိုးနေမလားပဲနော်
ချစ်သူရယ် မင်းအနားက
အမြဲမခွာအရိပ်လိုဘဲ
နေချင်ခဲ့တာကိုယ့်ဆန္ဒရယ်ပါ
အခုတော့.....
ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမမျှတာကို
ချစ်သူနားလည်ပေးနိုင်မလား
ကံကြမ္မာအလှည့်အပြောင်းက
ကိုယ့်ကိုကျီစယ်နေရော့သလား
ချစ်ခြင်းစေတမန်တွေက
ကိုယ့်ကိုမျက်နှာသာမပေးချင်တာလား
ကိုယ့်အချစ်ကိုသွေးတိုးစမ်းနေသလားဘဲနော်
ဘယ်လိုအခက်အခဲတွေကြုံကြုံ
ချစ်သူရယ်
မင်းကိုချစ်တဲ့ငါ့ချစ်ခြင်းက
ကမ္ဘာပျက်တောင် မပြယ်နိုင်ဘူးလို့ဟစ်ကြွေးပြလိုက်ချင်တယ်
ချစ်သူနားလည်ပေးပါ
အခြေနေပေးတဲ့တစ်နေ
ကိုယ်အပြေးပြန်လာမယ်
အဲဒီအခါကျမှ ချစ်သူပေးတဲ့ပြစ်ဒဏ်တွေကို တစ်ဆတိုးပြီး ကိုယ်ခံယူမယ်
ကိုယ်ကိုယုံကြည်ပေးပါ
နားလည်ပါ
မင်းကိုအသက်ထက်မက
ကိုယ်ချစ်တယ်။

Alkhaeluu