Thursday, September 3, 2015

ပြောပြချင်ပေမယ့် (​သောကြာ-​အောင်​ပန်း)

ပြောပြချင်ပေမယ့်

အဖြူရောင်တိမ်တိုက်တွေကပြောတယ်
လွမ်းတဲ့စိတ်က ထိန်းချုပ်မရဘူးတဲ့။

အပြာရောင်တိမ်တိုက်တွေကပြောတယ်
အချစ်ဆိုတာအဆုံးအစမဲ့တယ်တဲ့။

အနီရောင်နေမင်းကြီးကပြောတယ်
အမုန်းဆိုတာပူလောင်တယ်တဲ့။

ငွေရောင်လမင်းကပြောတယ်
နားလည်မှုဆိုတာ အေးချမ်းတယ်တဲ့။

ရော်ရွက်တွေကပြောတယ်
တိုက်ဆိုင်မှုတွေက လေတိုက်တိုင်းကြွေတယ်တဲ့။

ယိမ်းနွဲ့နေတဲ့မြက်ပင်တွေကပြောတယ်
သတိရမှုတွေက အမြဲယိမ်းနွဲ့နေတယ်တဲ့။

အားလုံးပြောတယ်
သူ့ကိုမချစ်နဲ့တဲ့။

ဒါပေမယ့်
ချစ်မိတဲ့စိတ်တွေက နားလည်မှုကို လက်ကိုင်သုံးထားလည်း
တိုက်ဆိုင်မှုနဲ့အတူရောက်လာတဲ့
လွမ်းဆွေးသတိရမှုကို
မင်းကိုငါပြောချင်ပေမယ့်
မင်းနဲ့ငါ
ဝေး........ဝေး.............ဝေး....... အဝေးကြီးဝေးနေကြပြီ။

သောကြာ-​အောင်​ပန်း

လွမ်းလိပ်​ပြာ - အညတရ​မောင်

အလွမ်းလိပ်ပြာတစ်ကောင်ရဲ့
သံယောဇဉ် ရပ်ဝန်းမှာ
တွေ့ခွင့်မကြုံ တဲ့ နေ့ရက်တွေ
်ပုံရိပ်ကောက်လွဲပြီး
ငါသက်ပြင်းနဲ့ ငါအသက်ရှုတိုင်း
နှလုံးသားကိုလာထိမှန်ခဲ့။
အမှောင်မှာပိတ်မိနေတဲ့
စိတ်အရိပ်ဟာဒဏ်ရာပေါင်း
အသင်္ချေနဲ့ လေနှင်ရာလွင့်လို့။

တကယ်တော့. . . . .
ဝေးကွာခြင်းက
နင်မျက်ဝန်းအကြည့်ရဲ့
ကောင်းကင်းအစွန်းအဖျားမှာ
မရေရာမူပေါင်းများစွာနဲ့
်ကျောမခိုင်းပဲဝေးခဲ့တဲ့
နင်မျက်ဝန်းရဲ့အဓိပ္ပါယ်တွေ
သက်ရောက်တိုင်းစကားလုံးမဲ့ ဖွင့်ဆိုတတ်ခဲ့လို့အဝေးကို
်ကြည့်ငေးရင်းအိမ်မက်တွေ
လွင့်ကြေကွယ်ပျောက်လို့
အတောင်ပံကျိုးပဲ့လိပ်ပြာ
တစ်ကောင်ရဲ့ရင်ခုန်သံ
သီချင်းနဲ့ကာရန်မညီတဲ့
သတိရခြင်းအတွက်
ညီမလေးရေ . . . .
ခဏလေးဖြစ်ဖြစ်
်ငါရဲ့ဝေဒနာကိုတိတ်တိတ်လေး
နှစ်သိမ့်ခွင့်ပေးပါ။

အသက်ရှင်သန်မူ (အညတရ​မောင်​)

အသက်ရှင်သန်မူ

ရင်ကိုလာထိခတ်တဲ့
မိုးစက်လေးရဲ့အငွေ့အသက်မှာ
ပန်းပွင့်လေးရေ....ငါနှလုံးသားရဲ့
ချစ်ခြင်းဖွဲ့ အိမ်မက်မှာ
မင်းအတွက်ငါဟာစိုစွတ်ရုံ
ရွာသွန်းခွင့်မရတဲ့
အဝေးကမိုးစက်လေး
တစ်ပေါက်ပါ။
တကယ်တော့. . . .
မဆုံနိုင်တော့တဲ့စည်းတဘက်မှာ
ခဏခဏသတိရစိတ်နဲ့
ဟောင်းနွမ်းမသွားတဲ့
လွမ်းဆွတ်ခြင်းမှာ အရှုံးများစွာနဲ့
အသက်ရှင်သန်ရုံလေးပါ။

အညတရ​မောင်

နှလုံးသားလမ်း (အညတရ​မောင်​)

နှလုံးသားလမ်း

ဝေးကွာနေတဲ့မိုင်ပေါင်းများစွာမှာ
နက်ရှိုင်းစွာမျက်ဝန်းတစ်စုံ
ကျိုးကျလာတဲ့ အိမ်မက်တွေနဲ့
သင်းကွဲသူတစ်ယောက်ရဲ့ရင်ဘတ်ထဲ
မျှော်လင့်လင့်ခြင်းတွေ
အဝေးကပဲ မှိုင်းရီအုံဆိုင်းခဲ့ရ။

ဒီလိုပါပဲချစ်သူ. . . .
အလင်းဝှက်ထားတဲ့ရင်ခွင်မှာ
အလွမ်းတွေအိုင်မဖြစ်ထွန်းဖို့
မခြောက်ခန်းသေးတဲ့
နာကျင်ခြင်းမှာအရိုးစွဲလို့
နင်ယုံကြည်ရာကိုသာ
လိုသလိုနင်းဖြတ်လျှောက်သွားပါ
ငါနှလုံးသားကို လမ်းခင်းပေးထားပါတယ်။

အညတရ​မောင်

မေ ....? ဇော်မျိုးနောင်/တောင်ငူ

မေ ....??

မေရေ
အချစ်ဆိုတဲ့
သံယောဇဉ်
တစ်နင့်တစ်ပိုး
မေတ္တာဆိုတဲ့
ရှင်သန်မူကြိုးတွေနဲ့
ရင်ထဲမှာ
ရစ်ပတ်ချစ်ခဲ့ရသူပါ
မေ....??

နှလုံးသားရဲ့
အကြင်နာတံတိုင်းကို
ဥပေက္ခာ
စိတ်အရိုင်းတွေနဲ့
ကျောမခိုင်းသွားပါနဲ့နော်
မေ့ကိုချစ်တဲ့
အကြောင်းတွေကို
ရင်ဖွင့်ပြောမထွက်ပေမယ့်ရင်ထဲမှာတော့
ချစ်ရသူမေတစ်ယောက်တည်းပါ....??

မေရယ်
မေ့ကိုအရမ်းချစ်ခဲ့မိတဲ့
သံယောဇဉ်အပိုင်း
အစတွေဟာ
မဖြေသာတဲ့
ရင်အလွှာမှာ
မေ့ရဲ့ပုံရိပ်တွေကြောင့်
အိပ်မပျော်ညတွေလည်း
ညအမှောင်တံခါးဝမှာ
လရောင်မသန်းတဲ့ညတွေတိုင်း
မေ့ကိုတမ်းတလွမ်းလျက်ချစ်နေဆဲပါ ....မေ

ဇော်မျိုးနောင်/တောင်ငူ

မွန်....​ဇော်​မျိုး​နောင်​ - ​တောင်​ငူ

မွန်....

မွန်လို့ပဲ
အမြတ်နိုးဆုံး
နှလုံးသားမှာ
နက်ရှိုင်းစွာ
ခေါ်လိုက်ပါရစေ....မွန်

လိမ်ညာပာန်ဆောင်မူတွေမပါတဲ့
ကိုယ့်နှလုံးသားက
မွန့်ကိုပကတိရိုးသားဖြူစင်သန့်ရှင်းသော
အချစ်မျိုးနဲ့
တန်ဖိုးထားပြီး
ချစ်ခဲ့တာပါမွန်....

အချိန်တွေဘယ်လောက်ကြာကြာ
နှစ်လတွေဘယ်လိုပဲ
ပြောင်းပြောင်း
စစ်မှန်တဲ့သံယောဇဉ်တစ်စုံနဲ့မွန့်ကို
ချစ်ခဲ့တာပါ ....??

မွန်ရယ်....
ခဏတာတွေ့ဆုံခွင့်
ရတဲ့အချိန်ကလေးမှာ
မွန့်ကိုယ်တစ်ဘဝတာ
ချစ်သွားခဲ့မိတယ်

မွန်ဟာကိုယ့်ဘဝရဲ့
အိပ်မက်သခင်
အလှဘုရင်မလေးတစ်ပါးမို့
ညများစွာကမ္ဘာခြားခဲ့ရင်တောင်မှ
မေ့လို့မရတဲ့
ရင်ခုန်သံတွေနဲ့အတူ
မွန့်ရဲ့ အိပ်မောကျ
အသက်ရှုသံသဲ့သဲ့လေးကို
ကိုယ့်ရဲ့နားမှာ
အမြဲတမ်းကြားနေလျက်ပါ မွန်ရယ်... ??

မေ ....? ဇော်မျိုးနောင်/တောင်ငူ

မေ ....??

အချစ်ဆိုတာ
လမ်းခွဲဖို့သက်သက်
ချစ်ခဲ့တာမှ
မဟုတ်တာပဲ မေ

အေးအတူပူအမျှ
ဒုက္ခတရားကို
ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့
ခွန်အားသတ္တိအပြည့်နဲ့
မေ့တစ်ယောက်ထဲကို
စွဲလမ်းစွာချစ်ခဲ့တာပါ

မေကလွဲရင်
ရင်မခုန်တတ်တဲ့
ကိုယ့်နှလုံးသားစက်ဝန်းတစ်စုံဟာ
ချစ်ရသူမေ့ရဲ့အနားမှာ
ထာဝရလည်ပတ်နေဆဲပါပဲမေရယ်.. ??

ဇော်မျိုးနောင်/တောင်ငူ

မေ.... ဇော်မျိုးနောင်/တောင်ငူ

မေ....

ဆုံတွေ့မူတွေအစပျိုး
သံယောဇဉ်ကြိုးတွေ
ရစ်ဖွဲ့ချည်ထုံး
မေ့ကိုအချစ်ဆုံးမို့
ဝေးကွာတစ်သက်
ရှောင်ခွာရက်လည်း
ရင်မှာတစ်သက်
မေတ္တာမပျက်ခဲ့ပါဘူး
မေရယ်....။

ဇော်မျိုးနောင်/တောင်ငူ

မေရယ်.... ဇော်မျိုးနောင်/တောင်ငူ

မေရယ်....

မျှော်လင့်သမျှ
ဆန္ဒတွေတိုင်း
ပျော်ခွင့်ရမယ်ဆိုရင်
ချစ်ရသူမေ့အနား
အပြေးသွားကာ
လာခဲ့ချင်ပါတယ် မေ...

ဖြစ်ချင်တာကဆန္ဒ
ဖြစ်နေတာကဘဝမို့
ကံကြမ္မာကြိုးဆွဲရာကနေရတဲ့
မေနဲ့ကျွန်တော် ကျွန်တော်နဲ့မေ
အခုတော့
အချစ်ဆိုတဲ့
စည်းကလေးမှာ
အမုန်းပန်းစိုက်လို့
အမုန်းမျက်ရည်တွေ
သွန်းလောင်းသွားခဲ့တဲ့မေ
ကျွန်တော့ရင်ထဲမှာတော့မေပြုခဲ့သမျှ
နုခဲ့ရတဲ့သူမို့
မေကြိုက်သလို
ဆုံးဖြတ်ခဲ့မှတော့
ကျွန်တော့်အနားက
မသွားပါနဲ့လို့
မတားလိုတော့ပါဘူး မေ
မေစိတ်ချမ်းသာခွင့်ရမယ်ဆိုရင်
ပေးဆပ်ပြီးချစ်တတ်ခဲ့တဲ့
ကျွန်တော့်နှလုံးသားကပျော်နေမှာပါမေ... ??

ဇော်မျိုးနောင်/တောင်ငူ

အရမ်းချစ်​တဲ့သူ - လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

အရမ်းချစ်​တဲ့သူ

အချစ်​ဆိုတာ....
အရမ်းချစ်​မိတဲ့သူက
မချစ်​တဲ့သူထက်
ပိုပြီးအရမ်းခံစားရတာ
မင်းကိုသိ​စေချင်​လိုက်​တာ
ချစ်​သူ။

လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

onlineချစ်​သူ - လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

onlineချစ်​သူ

လိုင်း​ပေါ်​လေးမှာပဲ
တွေ့ခဲ့ရတယ်​ဆို​ပေမဲ့
ငါ့အရမ်​ချစ်​မိပြီချစ်​သူ

ဘယ်​သူ​တွေဘာပဲ​ပြော​​ပြော
ကိုယ်​ချစ်​သူ​ပြောတာကိုပဲယုံတယ်​...

ချစ်​သူအ​ကြောင်း
မ​ကောင်း​ပြောရင်
ဘယ်​သူ​ပြော​ပြော
မယုံချင်​ဘူးချစ်​သူ။

လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

အလွမ်းပူ - လွမ်းသူ (ဖေါင်းပြင်​)

အလွမ်းပူ

ခဏတာ တဒင်္ဂလေးရယ်က
မမြင်ရအဝေးချစ်သူ
မရွှင်ပြဆွေး လို့ရဒဏ်​ပူတယ်
လွမ်းရသူ ဆယ်နေကဲ
ကို့ရင်ထဲဖြင့် အမြဲဘဲနှောင်တွယ်
အသဲစွဲအောင် ချစ်နေရသေး

လွမ်းသူ ဖေါင်းပြင်

အချစ်ဦး - မိုးသစ်စ(ကဗျချစ်သူ)

အချစ်ဦး

ချစ်သူ
ဝေးကွားခြင်းအခြေအနေက
ခဏတာပဲလား......?
ဒါမှမဟုတ် ဆုံမှတ်တွေလွဲနေတဲ့ အခိုက်အတန့်ပဲလား....?
ငါ့ရင်ခွင်ထဲ
အပြီးအပိုင်ထွက်ခွာသွားတာလား.....?
လမ်းခွဲစကားမပြော
မုန်းတဲ့စကားမပြော
ဘာအကြောင်းပြချက်မှမပေးပဲ
ထွက်ခွာသွားတဲ့နင့်ကို
အနာအကျင်မရှိ
ငါမျော်လင့်နေတုန်းပါ....

နင်မရှိတော့တဲ့ငါရင်ခွင်ကို
အခုအချိန်ထဲ ဘယ်သူ့ကိုမှ
အစားမထိုးတာနင်သိလား....?

တစ်နေ့နင်ပြန်လာခဲ့ရင်
အနာအကျင်မရှိ
ငါ့ရင်ခွင် နင့်အတွက်အဆင်သင့်ပါပဲ ချစ်သူ

နင့်ကိုမမုန်းပဲ မျော်လင့်နေတဲငါ
သေချာရေရာတဲ့ ဒုတိယလူမဟုတ်ပေမယ့်
မသေချာမရေရာခြင်းများစွားနဲ့
နင်ကိုမျော်လင့်နေမိတာ
အတ္တမဟုတ်ပါဘူး
သိပ်ချစ်လွန်းတဲ့ဆန္ဒပါဟာ....

မိုးသစ်စ(ကဗျချစ်သူ)

ငါ့ရဲ့သတိုးသမီး - မိုးသစ်စ(ကဗျာချစ်သူ)

ငါ့ရဲ့သတိုးသမီး

ချစ်သူ အခုနင်ဘာတွေလုပ်နေလဲ
ဒီအချိန်ဘယ်သူနဲ့ရှိနေမလဲ
နင်ဘယ်သူနဲ့လျှောက်လည်နေမလဲ
နင့်ကိုမယုံကြည်တာမဟုတ်ပေမယ့်
နင်ကိုသိပ်ချစ်တော့
အဝေးမှာတစ်ခါတလေ
ငါအတွေးလွန်သွားတယ်
ကံကြမ္မာကအခြေအနေမပေးသေးလို့
လူချင်ဝေးနေရတဲ့တို့နှစ်ယောက်
ကြားလေသွေးလို့အချစ်တစ်ခု
ဝေးမှာကိုလည်း ငါစိုးတယ်
အခြားတစ်ယောက်ရင်ခွင်ထဲ
နင်ဝင်သွားမှာကို
သေလုမတတ်ကြောက်နေရသူပါ
လူချင်အနေဝေးနေရတဲ့တို့နှစ်ယောက်
သစ္စာဆိုတဲ့စကားနှစ်လုံးကို
ရင်မှာပိုက်ရင်း
တစ်နေ့ငါလက်တွဲမယ့်
သတိုးသမီးလေးဟာ
နင်ပဲဖြစ်ပါရစေချစ်သူ

မိုးသစ်စ(ကဗျာချစ်သူ)

အွန်​လှိုင်းသူငယ်ချင်း - ဝဏ္ဏ[မော်ကျွန်း]

အွန်​လှိုင်းသူငယ်ချင်း

အွန်​လှိုင်းပေါ်မှဆုံတွေ့
လူချင်းမတွေးဖူးပေမဲ့
ဖြူစင်နှလုံးသား
တကယ့်စိတ်ရင်းစေတနာနဲ့
ခင်မင်ရတာကအမှန်ပါ။
မင်ပျော်အောင်လည်း
လုပ်ပေးချင်သူပါ။
မင်းအားငယ်နေရင်လည်း
ငါဟာအားပေးဖိုအဆင်သင့်ပါ။
ငါဟာမင်းအတွက်
အကောင်းဆုံး အွန်​လှိုင်းသူငယ်ချင်းပါ။

ဝဏ္ဏ[မော်ကျွန်း]