Tuesday, September 1, 2015

ကြွေကာပျက်​စီး......အညတရ​မောင်

ကြွေကာပျက်​စီး

သတိရခြင်းတွေသာထူထပ်လို့
အလွမ်းတို့ စိုစွတ်နေတဲ့နှလုံးသားပေါ်
ပင့်သက်များစွာနဲ့ တစ်ယောက်​တည်းငေးခဲ့ရတဲ့
ညနေခင်းတွေ တရွေ့ရွေ့ဝေးလို့........
လွမ်းဆွတ်ခြင်းရဲ့ အဓိပ္ပါယ်မှာ
ကောင်မလေးရေ.....ဒီလိုအချိန်တွေဟာ
ကြွေကွဲစရာ။

ကောင်မလေးရေ . . . .
အနားလာချင်ပေမဲ့
နင်မသိတဲ့အဝေးက
မိုးလင်းသွားတဲ့အလွမ်းတို့နဲ့
တိုးဝင်းမိတဲ့ ရင်ခွင်မှာ
မက်ခွင့်မရှိတဲ့ အိမ်မက်တွေနဲ့သာ
ငါဟာနင်ကို
အမြတ်တနိုး တန်ဖိုးထားချစ်ခဲ့သူပါ။

အညတရ​မောင်