Thursday, September 3, 2015

အသည်းကွဲခြင်းအထိမ်းအမှတ်​ -​ သျှင်​​နေမင်း

အသည်းကွဲခြင်းအထိမ်းအမှတ်​ သျှင်​​နေမင်း

အသည်းကွဲခြင်းအထိမ်းအမှတ်​အဖြစ်
မျက်​ရည်​ကျလိုက်​ရုံနဲ့
လုံ​လောက်​ပါ့မလားချစ်​သူရယ်
မြစ်​ခြား ချောင်းခြား​နေ​လို့
အသည်းနှလုံးချင်းကွာခြားသွားမှာကို
ငါအ​ကြောက်​ဆုံးပဲ

ဝေးကွာသွားပြီဆိုကတည်းက
သတင်းစကား​လေး
တစ်​စွန်းတစ်​စ​လောက်​ကြားနာရဖို့
မျှော်​လင့်​​နေမိတယ်​ ချစ်​သူရယ်

ဘယ်​သူမှမမြင်​ရတဲ့
ဆုံဆည်းခြင်းတစ်​ခုက​တော့
သတိရခြင်း ချစ်​သူရယ်​......