Tuesday, September 1, 2015

စိတ်ကူးလေးပါပဲ.... ဇော်မျိုးနောင်/တောင်ငူ

စိတ်ကူးလေးပါပဲ....

မင်းဟာငါ့ဘဝ....
မင်းဟာငါ့ကမ္ဘာ....
ငါ့မျှော်လင့်ချက်
ငါ့အိပ်မက်တွေကို
အကောင်းဆုံး
ဖြည့်ဆည်းပေးနိုင်မဲ့
အလှဆုံးဘဝလေးပါ..?

ဒါပေမယ့်အခု....
ငါ့ရဲ့ အနားမှာ
မင်းမရှိတော့
ငါ့အနာဂတ်တွေလှပဖို့
မသေချာတော့ဘူးလေ
မတတ်နိုင်ဘူးလေ
ငါမျှော်လင့်သလောက်
မင်းအတွက်ငါက
အရေးမပါနိုင်သူတစ်ယောက်မို့....??

ငါ့အလွမ်း
ငါ့အချစ်
ငါ့ဘဝ
ငါ့စိတ်ကူးတွေနဲ့ပဲ
ဆက်ချစ်နေမယ်
ချစ်သူရယ်....??

ဇော်မျိုးနောင်/တောင်ငူ