Tuesday, September 1, 2015

အလွမ်းသင့်​နှလုံးသား --သျှင်​​နေမင်း

အလွမ်းသင့်​နှလုံးသား --

အားလုံးကို​မေ့ပစ်​နိုင်​စွမ်းရှိရင်
တဒင်္ဂ​လောက်​​မေ့ကြည့်​ချင်​တယ်​....

ဒါ​ပေမဲ့.....လူဆိုတာက
ထင်​ရှားစွာမက်​တဲ့အိမ်​မက်​ကို​တောင်​မှ
အ​မေ့ခက်​ကြ​သေးတာပဲ

နှလုံးသဲ​ခြေနဲ့ရင်းပြီး ချစ်​ခဲ့ကြတဲ့သူ​တွေ
တကယ်​အဖြစ်​ပျက်​တခုကို
ဘယ်​လို​မေ့လို့ရမှာလဲ
မေ့မရတဲ့ဒီ​ဝေဒနာဟာ
ငါအတွက်​​တော့.....
အလွမ်း​နေ့ရက်​ရှည်​တစ်​ရက်​ပါ

အရာရာကို​မေ့နိုင်​စွမ်းမရှိတဲ့
သူချင်းအတူတူမင်းရဲ့
ရင်​ထဲက​ဝေဒနာ​တွေ သက်​သာရာရပါ​စေလို့
ဆု​တောင်း​ပေး​နေပါ့မယ်​ ချစ်​သူရယ်

သျှင်​​နေမင်း