နှလုံးသားလမ်း
ဝေးကွာနေတဲ့မိုင်ပေါင်းများစွာမှာ
နက်ရှိုင်းစွာမျက်ဝန်းတစ်စုံ
ကျိုးကျလာတဲ့ အိမ်မက်တွေနဲ့
သင်းကွဲသူတစ်ယောက်ရဲ့ရင်ဘတ်ထဲ
မျှော်လင့်လင့်ခြင်းတွေ
အဝေးကပဲ မှိုင်းရီအုံဆိုင်းခဲ့ရ။
ဒီလိုပါပဲချစ်သူ. . . .
အလင်းဝှက်ထားတဲ့ရင်ခွင်မှာ
အလွမ်းတွေအိုင်မဖြစ်ထွန်းဖို့
မခြောက်ခန်းသေးတဲ့
နာကျင်ခြင်းမှာအရိုးစွဲလို့
နင်ယုံကြည်ရာကိုသာ
လိုသလိုနင်းဖြတ်လျှောက်သွားပါ
ငါနှလုံးသားကို လမ်းခင်းပေးထားပါတယ်။
အညတရမောင်
ဝေးကွာနေတဲ့မိုင်ပေါင်းများစွာမှာ
နက်ရှိုင်းစွာမျက်ဝန်းတစ်စုံ
ကျိုးကျလာတဲ့ အိမ်မက်တွေနဲ့
သင်းကွဲသူတစ်ယောက်ရဲ့ရင်ဘတ်ထဲ
မျှော်လင့်လင့်ခြင်းတွေ
အဝေးကပဲ မှိုင်းရီအုံဆိုင်းခဲ့ရ။
ဒီလိုပါပဲချစ်သူ. . . .
အလင်းဝှက်ထားတဲ့ရင်ခွင်မှာ
အလွမ်းတွေအိုင်မဖြစ်ထွန်းဖို့
မခြောက်ခန်းသေးတဲ့
နာကျင်ခြင်းမှာအရိုးစွဲလို့
နင်ယုံကြည်ရာကိုသာ
လိုသလိုနင်းဖြတ်လျှောက်သွားပါ
ငါနှလုံးသားကို လမ်းခင်းပေးထားပါတယ်။
အညတရမောင်