လမ်းခွဲ သျှင်နေမင်း
နှုတ်ဆက်စကားမဆိုပဲ
လမ်းခွဲရက်တဲ့သူတစ်ယောက်ကို
ငါဘာကြောင့်....အခုထိမမေ့နိုင်သေးတာလဲ
နင်နဲ့ပတ်သက်ရင် အရာရာတိုင်းက
မနေ့တစ်နေ့ကလိုပဲ ငါပြန်မြင်ယောင်နေမိတယ်
ငါကသူများတွေလို ရုပ်မချောဘူး
ပိုက်ဆံလည်းမချမ်းသာပါဘူး
ဒါပေမဲ့.....နင်အပေါ်မှာထားတဲ့
အချစ်တွေကိုတော့ အသိအမှတ်ပြုပေးပါ
အချစ်ပေးလို့ အချစ်ပြန်မရတာက
ငါဇာတာပေါ့....
ဒါပေမဲ့.....နင်ပြန်လာမဲ့အချိန်ဆို
ငါမျှော်လင့်နေမိတာတော့အမှန်ပါ
နင်အတွက်ဆို ငါရင်ခွင်ဟာ
အမြဲတမ်းမြို့အဝင်က
မုဒ်ဦးတံခါးပေါက်တစ်ခုလို
ကြိုဆိုနေလျှက်ပါ.....
နှုတ်ဆက်စကားမဆိုပဲ
လမ်းခွဲရက်တဲ့သူတစ်ယောက်ကို
ငါဘာကြောင့်....အခုထိမမေ့နိုင်သေးတာလဲ
နင်နဲ့ပတ်သက်ရင် အရာရာတိုင်းက
မနေ့တစ်နေ့ကလိုပဲ ငါပြန်မြင်ယောင်နေမိတယ်
ငါကသူများတွေလို ရုပ်မချောဘူး
ပိုက်ဆံလည်းမချမ်းသာပါဘူး
ဒါပေမဲ့.....နင်အပေါ်မှာထားတဲ့
အချစ်တွေကိုတော့ အသိအမှတ်ပြုပေးပါ
အချစ်ပေးလို့ အချစ်ပြန်မရတာက
ငါဇာတာပေါ့....
ဒါပေမဲ့.....နင်ပြန်လာမဲ့အချိန်ဆို
ငါမျှော်လင့်နေမိတာတော့အမှန်ပါ
နင်အတွက်ဆို ငါရင်ခွင်ဟာ
အမြဲတမ်းမြို့အဝင်က
မုဒ်ဦးတံခါးပေါက်တစ်ခုလို
ကြိုဆိုနေလျှက်ပါ.....