Thursday, September 3, 2015

လွမ်းလိပ်​ပြာ - အညတရ​မောင်

အလွမ်းလိပ်ပြာတစ်ကောင်ရဲ့
သံယောဇဉ် ရပ်ဝန်းမှာ
တွေ့ခွင့်မကြုံ တဲ့ နေ့ရက်တွေ
်ပုံရိပ်ကောက်လွဲပြီး
ငါသက်ပြင်းနဲ့ ငါအသက်ရှုတိုင်း
နှလုံးသားကိုလာထိမှန်ခဲ့။
အမှောင်မှာပိတ်မိနေတဲ့
စိတ်အရိပ်ဟာဒဏ်ရာပေါင်း
အသင်္ချေနဲ့ လေနှင်ရာလွင့်လို့။

တကယ်တော့. . . . .
ဝေးကွာခြင်းက
နင်မျက်ဝန်းအကြည့်ရဲ့
ကောင်းကင်းအစွန်းအဖျားမှာ
မရေရာမူပေါင်းများစွာနဲ့
်ကျောမခိုင်းပဲဝေးခဲ့တဲ့
နင်မျက်ဝန်းရဲ့အဓိပ္ပါယ်တွေ
သက်ရောက်တိုင်းစကားလုံးမဲ့ ဖွင့်ဆိုတတ်ခဲ့လို့အဝေးကို
်ကြည့်ငေးရင်းအိမ်မက်တွေ
လွင့်ကြေကွယ်ပျောက်လို့
အတောင်ပံကျိုးပဲ့လိပ်ပြာ
တစ်ကောင်ရဲ့ရင်ခုန်သံ
သီချင်းနဲ့ကာရန်မညီတဲ့
သတိရခြင်းအတွက်
ညီမလေးရေ . . . .
ခဏလေးဖြစ်ဖြစ်
်ငါရဲ့ဝေဒနာကိုတိတ်တိတ်လေး
နှစ်သိမ့်ခွင့်ပေးပါ။