Thursday, September 3, 2015

မေ ....? ဇော်မျိုးနောင်/တောင်ငူ

မေ ....??

မေရေ
အချစ်ဆိုတဲ့
သံယောဇဉ်
တစ်နင့်တစ်ပိုး
မေတ္တာဆိုတဲ့
ရှင်သန်မူကြိုးတွေနဲ့
ရင်ထဲမှာ
ရစ်ပတ်ချစ်ခဲ့ရသူပါ
မေ....??

နှလုံးသားရဲ့
အကြင်နာတံတိုင်းကို
ဥပေက္ခာ
စိတ်အရိုင်းတွေနဲ့
ကျောမခိုင်းသွားပါနဲ့နော်
မေ့ကိုချစ်တဲ့
အကြောင်းတွေကို
ရင်ဖွင့်ပြောမထွက်ပေမယ့်ရင်ထဲမှာတော့
ချစ်ရသူမေတစ်ယောက်တည်းပါ....??

မေရယ်
မေ့ကိုအရမ်းချစ်ခဲ့မိတဲ့
သံယောဇဉ်အပိုင်း
အစတွေဟာ
မဖြေသာတဲ့
ရင်အလွှာမှာ
မေ့ရဲ့ပုံရိပ်တွေကြောင့်
အိပ်မပျော်ညတွေလည်း
ညအမှောင်တံခါးဝမှာ
လရောင်မသန်းတဲ့ညတွေတိုင်း
မေ့ကိုတမ်းတလွမ်းလျက်ချစ်နေဆဲပါ ....မေ

ဇော်မျိုးနောင်/တောင်ငူ