Tuesday, September 1, 2015

မနှုတ်ဆက်ခဲ့ပေမယ့်...... ဇော်မျိုးနောင်/တောင်ငူ

ရာသီတွေ တစ်နွေကူး
စံပယ်တွေ မဖူးပေမယ့်
ရင်ထဲမှာ ပထမဦးဆုံးအဖြစ်နဲ့
ရှုးလောက်အောင် ခင်ခဲ့မိသူပါ.....

ဝေးကွာခြင်း အကြောင်းတရားကြားမှာ
နေရစ်ခဲ့တော့လို့ လက်ပြပြီးတော့
မနှုတ်ဆက်ခဲ့ပေမယ့်
ရုတ်တရက်မို့ တို့ဝေးသွားတယ်နော်။

ဇော်မျိုးနောင်/တောင်ငူ