Thursday, September 3, 2015

ပြောပြချင်ပေမယ့် (​သောကြာ-​အောင်​ပန်း)

ပြောပြချင်ပေမယ့်

အဖြူရောင်တိမ်တိုက်တွေကပြောတယ်
လွမ်းတဲ့စိတ်က ထိန်းချုပ်မရဘူးတဲ့။

အပြာရောင်တိမ်တိုက်တွေကပြောတယ်
အချစ်ဆိုတာအဆုံးအစမဲ့တယ်တဲ့။

အနီရောင်နေမင်းကြီးကပြောတယ်
အမုန်းဆိုတာပူလောင်တယ်တဲ့။

ငွေရောင်လမင်းကပြောတယ်
နားလည်မှုဆိုတာ အေးချမ်းတယ်တဲ့။

ရော်ရွက်တွေကပြောတယ်
တိုက်ဆိုင်မှုတွေက လေတိုက်တိုင်းကြွေတယ်တဲ့။

ယိမ်းနွဲ့နေတဲ့မြက်ပင်တွေကပြောတယ်
သတိရမှုတွေက အမြဲယိမ်းနွဲ့နေတယ်တဲ့။

အားလုံးပြောတယ်
သူ့ကိုမချစ်နဲ့တဲ့။

ဒါပေမယ့်
ချစ်မိတဲ့စိတ်တွေက နားလည်မှုကို လက်ကိုင်သုံးထားလည်း
တိုက်ဆိုင်မှုနဲ့အတူရောက်လာတဲ့
လွမ်းဆွေးသတိရမှုကို
မင်းကိုငါပြောချင်ပေမယ့်
မင်းနဲ့ငါ
ဝေး........ဝေး.............ဝေး....... အဝေးကြီးဝေးနေကြပြီ။

သောကြာ-​အောင်​ပန်း

လွမ်းလိပ်​ပြာ - အညတရ​မောင်

အလွမ်းလိပ်ပြာတစ်ကောင်ရဲ့
သံယောဇဉ် ရပ်ဝန်းမှာ
တွေ့ခွင့်မကြုံ တဲ့ နေ့ရက်တွေ
်ပုံရိပ်ကောက်လွဲပြီး
ငါသက်ပြင်းနဲ့ ငါအသက်ရှုတိုင်း
နှလုံးသားကိုလာထိမှန်ခဲ့။
အမှောင်မှာပိတ်မိနေတဲ့
စိတ်အရိပ်ဟာဒဏ်ရာပေါင်း
အသင်္ချေနဲ့ လေနှင်ရာလွင့်လို့။

တကယ်တော့. . . . .
ဝေးကွာခြင်းက
နင်မျက်ဝန်းအကြည့်ရဲ့
ကောင်းကင်းအစွန်းအဖျားမှာ
မရေရာမူပေါင်းများစွာနဲ့
်ကျောမခိုင်းပဲဝေးခဲ့တဲ့
နင်မျက်ဝန်းရဲ့အဓိပ္ပါယ်တွေ
သက်ရောက်တိုင်းစကားလုံးမဲ့ ဖွင့်ဆိုတတ်ခဲ့လို့အဝေးကို
်ကြည့်ငေးရင်းအိမ်မက်တွေ
လွင့်ကြေကွယ်ပျောက်လို့
အတောင်ပံကျိုးပဲ့လိပ်ပြာ
တစ်ကောင်ရဲ့ရင်ခုန်သံ
သီချင်းနဲ့ကာရန်မညီတဲ့
သတိရခြင်းအတွက်
ညီမလေးရေ . . . .
ခဏလေးဖြစ်ဖြစ်
်ငါရဲ့ဝေဒနာကိုတိတ်တိတ်လေး
နှစ်သိမ့်ခွင့်ပေးပါ။

အသက်ရှင်သန်မူ (အညတရ​မောင်​)

အသက်ရှင်သန်မူ

ရင်ကိုလာထိခတ်တဲ့
မိုးစက်လေးရဲ့အငွေ့အသက်မှာ
ပန်းပွင့်လေးရေ....ငါနှလုံးသားရဲ့
ချစ်ခြင်းဖွဲ့ အိမ်မက်မှာ
မင်းအတွက်ငါဟာစိုစွတ်ရုံ
ရွာသွန်းခွင့်မရတဲ့
အဝေးကမိုးစက်လေး
တစ်ပေါက်ပါ။
တကယ်တော့. . . .
မဆုံနိုင်တော့တဲ့စည်းတဘက်မှာ
ခဏခဏသတိရစိတ်နဲ့
ဟောင်းနွမ်းမသွားတဲ့
လွမ်းဆွတ်ခြင်းမှာ အရှုံးများစွာနဲ့
အသက်ရှင်သန်ရုံလေးပါ။

အညတရ​မောင်

နှလုံးသားလမ်း (အညတရ​မောင်​)

နှလုံးသားလမ်း

ဝေးကွာနေတဲ့မိုင်ပေါင်းများစွာမှာ
နက်ရှိုင်းစွာမျက်ဝန်းတစ်စုံ
ကျိုးကျလာတဲ့ အိမ်မက်တွေနဲ့
သင်းကွဲသူတစ်ယောက်ရဲ့ရင်ဘတ်ထဲ
မျှော်လင့်လင့်ခြင်းတွေ
အဝေးကပဲ မှိုင်းရီအုံဆိုင်းခဲ့ရ။

ဒီလိုပါပဲချစ်သူ. . . .
အလင်းဝှက်ထားတဲ့ရင်ခွင်မှာ
အလွမ်းတွေအိုင်မဖြစ်ထွန်းဖို့
မခြောက်ခန်းသေးတဲ့
နာကျင်ခြင်းမှာအရိုးစွဲလို့
နင်ယုံကြည်ရာကိုသာ
လိုသလိုနင်းဖြတ်လျှောက်သွားပါ
ငါနှလုံးသားကို လမ်းခင်းပေးထားပါတယ်။

အညတရ​မောင်

မေ ....? ဇော်မျိုးနောင်/တောင်ငူ

မေ ....??

မေရေ
အချစ်ဆိုတဲ့
သံယောဇဉ်
တစ်နင့်တစ်ပိုး
မေတ္တာဆိုတဲ့
ရှင်သန်မူကြိုးတွေနဲ့
ရင်ထဲမှာ
ရစ်ပတ်ချစ်ခဲ့ရသူပါ
မေ....??

နှလုံးသားရဲ့
အကြင်နာတံတိုင်းကို
ဥပေက္ခာ
စိတ်အရိုင်းတွေနဲ့
ကျောမခိုင်းသွားပါနဲ့နော်
မေ့ကိုချစ်တဲ့
အကြောင်းတွေကို
ရင်ဖွင့်ပြောမထွက်ပေမယ့်ရင်ထဲမှာတော့
ချစ်ရသူမေတစ်ယောက်တည်းပါ....??

မေရယ်
မေ့ကိုအရမ်းချစ်ခဲ့မိတဲ့
သံယောဇဉ်အပိုင်း
အစတွေဟာ
မဖြေသာတဲ့
ရင်အလွှာမှာ
မေ့ရဲ့ပုံရိပ်တွေကြောင့်
အိပ်မပျော်ညတွေလည်း
ညအမှောင်တံခါးဝမှာ
လရောင်မသန်းတဲ့ညတွေတိုင်း
မေ့ကိုတမ်းတလွမ်းလျက်ချစ်နေဆဲပါ ....မေ

ဇော်မျိုးနောင်/တောင်ငူ

မွန်....​ဇော်​မျိုး​နောင်​ - ​တောင်​ငူ

မွန်....

မွန်လို့ပဲ
အမြတ်နိုးဆုံး
နှလုံးသားမှာ
နက်ရှိုင်းစွာ
ခေါ်လိုက်ပါရစေ....မွန်

လိမ်ညာပာန်ဆောင်မူတွေမပါတဲ့
ကိုယ့်နှလုံးသားက
မွန့်ကိုပကတိရိုးသားဖြူစင်သန့်ရှင်းသော
အချစ်မျိုးနဲ့
တန်ဖိုးထားပြီး
ချစ်ခဲ့တာပါမွန်....

အချိန်တွေဘယ်လောက်ကြာကြာ
နှစ်လတွေဘယ်လိုပဲ
ပြောင်းပြောင်း
စစ်မှန်တဲ့သံယောဇဉ်တစ်စုံနဲ့မွန့်ကို
ချစ်ခဲ့တာပါ ....??

မွန်ရယ်....
ခဏတာတွေ့ဆုံခွင့်
ရတဲ့အချိန်ကလေးမှာ
မွန့်ကိုယ်တစ်ဘဝတာ
ချစ်သွားခဲ့မိတယ်

မွန်ဟာကိုယ့်ဘဝရဲ့
အိပ်မက်သခင်
အလှဘုရင်မလေးတစ်ပါးမို့
ညများစွာကမ္ဘာခြားခဲ့ရင်တောင်မှ
မေ့လို့မရတဲ့
ရင်ခုန်သံတွေနဲ့အတူ
မွန့်ရဲ့ အိပ်မောကျ
အသက်ရှုသံသဲ့သဲ့လေးကို
ကိုယ့်ရဲ့နားမှာ
အမြဲတမ်းကြားနေလျက်ပါ မွန်ရယ်... ??

မေ ....? ဇော်မျိုးနောင်/တောင်ငူ

မေ ....??

အချစ်ဆိုတာ
လမ်းခွဲဖို့သက်သက်
ချစ်ခဲ့တာမှ
မဟုတ်တာပဲ မေ

အေးအတူပူအမျှ
ဒုက္ခတရားကို
ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့
ခွန်အားသတ္တိအပြည့်နဲ့
မေ့တစ်ယောက်ထဲကို
စွဲလမ်းစွာချစ်ခဲ့တာပါ

မေကလွဲရင်
ရင်မခုန်တတ်တဲ့
ကိုယ့်နှလုံးသားစက်ဝန်းတစ်စုံဟာ
ချစ်ရသူမေ့ရဲ့အနားမှာ
ထာဝရလည်ပတ်နေဆဲပါပဲမေရယ်.. ??

ဇော်မျိုးနောင်/တောင်ငူ

မေ.... ဇော်မျိုးနောင်/တောင်ငူ

မေ....

ဆုံတွေ့မူတွေအစပျိုး
သံယောဇဉ်ကြိုးတွေ
ရစ်ဖွဲ့ချည်ထုံး
မေ့ကိုအချစ်ဆုံးမို့
ဝေးကွာတစ်သက်
ရှောင်ခွာရက်လည်း
ရင်မှာတစ်သက်
မေတ္တာမပျက်ခဲ့ပါဘူး
မေရယ်....။

ဇော်မျိုးနောင်/တောင်ငူ

မေရယ်.... ဇော်မျိုးနောင်/တောင်ငူ

မေရယ်....

မျှော်လင့်သမျှ
ဆန္ဒတွေတိုင်း
ပျော်ခွင့်ရမယ်ဆိုရင်
ချစ်ရသူမေ့အနား
အပြေးသွားကာ
လာခဲ့ချင်ပါတယ် မေ...

ဖြစ်ချင်တာကဆန္ဒ
ဖြစ်နေတာကဘဝမို့
ကံကြမ္မာကြိုးဆွဲရာကနေရတဲ့
မေနဲ့ကျွန်တော် ကျွန်တော်နဲ့မေ
အခုတော့
အချစ်ဆိုတဲ့
စည်းကလေးမှာ
အမုန်းပန်းစိုက်လို့
အမုန်းမျက်ရည်တွေ
သွန်းလောင်းသွားခဲ့တဲ့မေ
ကျွန်တော့ရင်ထဲမှာတော့မေပြုခဲ့သမျှ
နုခဲ့ရတဲ့သူမို့
မေကြိုက်သလို
ဆုံးဖြတ်ခဲ့မှတော့
ကျွန်တော့်အနားက
မသွားပါနဲ့လို့
မတားလိုတော့ပါဘူး မေ
မေစိတ်ချမ်းသာခွင့်ရမယ်ဆိုရင်
ပေးဆပ်ပြီးချစ်တတ်ခဲ့တဲ့
ကျွန်တော့်နှလုံးသားကပျော်နေမှာပါမေ... ??

ဇော်မျိုးနောင်/တောင်ငူ

အရမ်းချစ်​တဲ့သူ - လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

အရမ်းချစ်​တဲ့သူ

အချစ်​ဆိုတာ....
အရမ်းချစ်​မိတဲ့သူက
မချစ်​တဲ့သူထက်
ပိုပြီးအရမ်းခံစားရတာ
မင်းကိုသိ​စေချင်​လိုက်​တာ
ချစ်​သူ။

လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

onlineချစ်​သူ - လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

onlineချစ်​သူ

လိုင်း​ပေါ်​လေးမှာပဲ
တွေ့ခဲ့ရတယ်​ဆို​ပေမဲ့
ငါ့အရမ်​ချစ်​မိပြီချစ်​သူ

ဘယ်​သူ​တွေဘာပဲ​ပြော​​ပြော
ကိုယ်​ချစ်​သူ​ပြောတာကိုပဲယုံတယ်​...

ချစ်​သူအ​ကြောင်း
မ​ကောင်း​ပြောရင်
ဘယ်​သူ​ပြော​ပြော
မယုံချင်​ဘူးချစ်​သူ။

လာမား (ပင်​​ဗေင်​; ပင်​​လောင်း)

အလွမ်းပူ - လွမ်းသူ (ဖေါင်းပြင်​)

အလွမ်းပူ

ခဏတာ တဒင်္ဂလေးရယ်က
မမြင်ရအဝေးချစ်သူ
မရွှင်ပြဆွေး လို့ရဒဏ်​ပူတယ်
လွမ်းရသူ ဆယ်နေကဲ
ကို့ရင်ထဲဖြင့် အမြဲဘဲနှောင်တွယ်
အသဲစွဲအောင် ချစ်နေရသေး

လွမ်းသူ ဖေါင်းပြင်

အချစ်ဦး - မိုးသစ်စ(ကဗျချစ်သူ)

အချစ်ဦး

ချစ်သူ
ဝေးကွားခြင်းအခြေအနေက
ခဏတာပဲလား......?
ဒါမှမဟုတ် ဆုံမှတ်တွေလွဲနေတဲ့ အခိုက်အတန့်ပဲလား....?
ငါ့ရင်ခွင်ထဲ
အပြီးအပိုင်ထွက်ခွာသွားတာလား.....?
လမ်းခွဲစကားမပြော
မုန်းတဲ့စကားမပြော
ဘာအကြောင်းပြချက်မှမပေးပဲ
ထွက်ခွာသွားတဲ့နင့်ကို
အနာအကျင်မရှိ
ငါမျော်လင့်နေတုန်းပါ....

နင်မရှိတော့တဲ့ငါရင်ခွင်ကို
အခုအချိန်ထဲ ဘယ်သူ့ကိုမှ
အစားမထိုးတာနင်သိလား....?

တစ်နေ့နင်ပြန်လာခဲ့ရင်
အနာအကျင်မရှိ
ငါ့ရင်ခွင် နင့်အတွက်အဆင်သင့်ပါပဲ ချစ်သူ

နင့်ကိုမမုန်းပဲ မျော်လင့်နေတဲငါ
သေချာရေရာတဲ့ ဒုတိယလူမဟုတ်ပေမယ့်
မသေချာမရေရာခြင်းများစွားနဲ့
နင်ကိုမျော်လင့်နေမိတာ
အတ္တမဟုတ်ပါဘူး
သိပ်ချစ်လွန်းတဲ့ဆန္ဒပါဟာ....

မိုးသစ်စ(ကဗျချစ်သူ)

ငါ့ရဲ့သတိုးသမီး - မိုးသစ်စ(ကဗျာချစ်သူ)

ငါ့ရဲ့သတိုးသမီး

ချစ်သူ အခုနင်ဘာတွေလုပ်နေလဲ
ဒီအချိန်ဘယ်သူနဲ့ရှိနေမလဲ
နင်ဘယ်သူနဲ့လျှောက်လည်နေမလဲ
နင့်ကိုမယုံကြည်တာမဟုတ်ပေမယ့်
နင်ကိုသိပ်ချစ်တော့
အဝေးမှာတစ်ခါတလေ
ငါအတွေးလွန်သွားတယ်
ကံကြမ္မာကအခြေအနေမပေးသေးလို့
လူချင်ဝေးနေရတဲ့တို့နှစ်ယောက်
ကြားလေသွေးလို့အချစ်တစ်ခု
ဝေးမှာကိုလည်း ငါစိုးတယ်
အခြားတစ်ယောက်ရင်ခွင်ထဲ
နင်ဝင်သွားမှာကို
သေလုမတတ်ကြောက်နေရသူပါ
လူချင်အနေဝေးနေရတဲ့တို့နှစ်ယောက်
သစ္စာဆိုတဲ့စကားနှစ်လုံးကို
ရင်မှာပိုက်ရင်း
တစ်နေ့ငါလက်တွဲမယ့်
သတိုးသမီးလေးဟာ
နင်ပဲဖြစ်ပါရစေချစ်သူ

မိုးသစ်စ(ကဗျာချစ်သူ)

အွန်​လှိုင်းသူငယ်ချင်း - ဝဏ္ဏ[မော်ကျွန်း]

အွန်​လှိုင်းသူငယ်ချင်း

အွန်​လှိုင်းပေါ်မှဆုံတွေ့
လူချင်းမတွေးဖူးပေမဲ့
ဖြူစင်နှလုံးသား
တကယ့်စိတ်ရင်းစေတနာနဲ့
ခင်မင်ရတာကအမှန်ပါ။
မင်ပျော်အောင်လည်း
လုပ်ပေးချင်သူပါ။
မင်းအားငယ်နေရင်လည်း
ငါဟာအားပေးဖိုအဆင်သင့်ပါ။
ငါဟာမင်းအတွက်
အကောင်းဆုံး အွန်​လှိုင်းသူငယ်ချင်းပါ။

ဝဏ္ဏ[မော်ကျွန်း]

ငွေ - သျှင်​​နေမင်း

ငွေ - သျှင်​​နေမင်း

ငွေအသပြာ ကင်းကွာမဲ့ရ
သင့်​ဘဝကို သူကစွန့်​ပစ်
မချစ်​ရင်​လည်း​နေပါ​စေ.....

အသည်းကွဲခြင်းအထိမ်းအမှတ်​ -​ သျှင်​​နေမင်း

အသည်းကွဲခြင်းအထိမ်းအမှတ်​ သျှင်​​နေမင်း

အသည်းကွဲခြင်းအထိမ်းအမှတ်​အဖြစ်
မျက်​ရည်​ကျလိုက်​ရုံနဲ့
လုံ​လောက်​ပါ့မလားချစ်​သူရယ်
မြစ်​ခြား ချောင်းခြား​နေ​လို့
အသည်းနှလုံးချင်းကွာခြားသွားမှာကို
ငါအ​ကြောက်​ဆုံးပဲ

ဝေးကွာသွားပြီဆိုကတည်းက
သတင်းစကား​လေး
တစ်​စွန်းတစ်​စ​လောက်​ကြားနာရဖို့
မျှော်​လင့်​​နေမိတယ်​ ချစ်​သူရယ်

ဘယ်​သူမှမမြင်​ရတဲ့
ဆုံဆည်းခြင်းတစ်​ခုက​တော့
သတိရခြင်း ချစ်​သူရယ်​......

ကုမုဒြာ - ကြင်နာသူ

ကုမုဒြာ

ကုမုဒြာဆိုတာ....
လရောင်နဲ့တွေ့မှပွင့်တာပါ
ဒါ့ကြောင့်
နင်သာငါ့ဘဝရဲ့လမင်းလေးပါချစ်သူ

ကြင်နာသူ

Tuesday, September 1, 2015

ဝေးနေတာပဲ ကောင်းပါတယ်​ - အေးမင်းခိုင်

ချစ်တယ်လို့လည်း​ မပြောချင်ဘူး
အမုန်းတွေလည်း မပေးချင်ဘူး
ဝေးနေတာပဲ ကောင်းပါတယ်
ခလေးရယ်

အေးမင်းခိုင်

ကျန်ခဲ့သူ - အေးမင်းခိုင်

ကျန်ခဲ့သူ

မဝေးပါရစေနဲ့လို့
တွေးခဲ့ကြပေမယ့်
ကံကြမ္မာမုန်တိုင်း
လေပွေလှိုင်းကြောင့်
တို့တွေကွဲတော့
I လေးရင်မှာဆွေးရတယ်
Youရယ်

အေးမင်းခိုင်

အဖော်မဲ့အလွမ်း

အဖော်မဲ့အလွမ်း

ရေမရှိတဲ့စမ်း
ပန်းမရှိတဲ့ကမ္ဘ္ဘာ
အချစ်မရှိတဲ့ငါ
ဘယ်လိုပျော်နိုင်မှာလဲချစ်သူ…။

ချစ်သူရင်ခွင်မြို့တော်
အင်းလေး*ပေါရိသတ်*

မိုးနဲ့မပျော်ရွံ့နဲ့ပျော်

မိုးနဲ့မပျော်ရွံ့နဲ့ပျော်

မသေချာတဲ့မိုးကို
မျှော်ကိုးနေမဲ့အစား
ရွံ့ဗွက်ရေနဲ့
ချိုးလိုက်ပါရစေလား
ချစ်သူ....။

ချစ်သူရင်ခွင်မြို့တော်
အင်းလေး*ပေါရိသတ်*

Onlineချစ်​သူ.....​ဇော်​မျိုး​နောင်​ - ​တောင်​ငူ

မမြင်မတွေ့ရပေမဲ့
Onlineပေါ်မှာ
သူနဲ့ဆုံခဲ့မိလေတော့
ကျွန်တော့်ရင်ခုန်သံတွေဟာ
တာဝေးဒုံးကျည်တစ်ခုလို
မြန်ဆန်လာခဲ့မိတယ်
ကျွန်တော်Onlineသုံးတဲ့အချိန်ကျရင်
သူများOnlineပေါ်မှာရှိနေမလား
ကြည့်ရတာလည်း
မောလှပါပြီကောင်မလေးရယ်။

ဇော်​မျိုး​နောင်​ - ​တောင်​ငူ

မနှုတ်ဆက်ခဲ့ပေမယ့်...... ဇော်မျိုးနောင်/တောင်ငူ

ရာသီတွေ တစ်နွေကူး
စံပယ်တွေ မဖူးပေမယ့်
ရင်ထဲမှာ ပထမဦးဆုံးအဖြစ်နဲ့
ရှုးလောက်အောင် ခင်ခဲ့မိသူပါ.....

ဝေးကွာခြင်း အကြောင်းတရားကြားမှာ
နေရစ်ခဲ့တော့လို့ လက်ပြပြီးတော့
မနှုတ်ဆက်ခဲ့ပေမယ့်
ရုတ်တရက်မို့ တို့ဝေးသွားတယ်နော်။

ဇော်မျိုးနောင်/တောင်ငူ

ဆုတောင်းမှားခဲ့လေသောအချစ်...... ဇော်မျိုးနောင်/တောင်ငူ

ဆုတောင်းမှားခဲ့လေသောအချစ်....


အချစ်ရယ်
အတိတ်အကြောင်းဆိုတာ
ပြန်ယူခွင့်မရနိုင်တော့ပေမယ့်
ပြန်တွေးရင်တော့ရနိုင်သေးတာမို့
တစ်ချိန်တုန်းက
အချစ်ဆုံးချစ်ဦးသူနဲ့
တောင်ငူမြို့ရဲ့
သမိုင်းဝင်မြတ်စောညီနောင်ဘုရားမှာ
ဝါဆိုပန်းတွေကပ်လှူပြီး
မခွဲရစေကြောင်း....
ဆုတောင်းခဲ့ဘူးတယ်နော်....

ချစ်သူရယ်....
ဆုတောင်းတိုင်းသာ
ပြည့်ဝခွင့်ရမယ်ဆိုရင်
ကိုယ်တို့နှစ်ယောက်ရဲ့
အချစ်တွေဟာ
ဆုတောင်းခြင်းတွေနဲ့
ပြည့်ဝနေမှာပါ
ဝေးကွာမူဆိုတာ
ဘယ်ရှိနေပါ့မလဲ....

ဒါပေမယ့်အခုတော့
ဆုတောင်းပဲ မှားခဲ့လေသလား
ဆုတောင်းပဲ မပြည့်လေတော့လား
မသိမသာနဲ့ ဝေးသွားတာ
နှစ်တွေတောင်တော်တော်ကြာရစ်ခဲ့ပြီ
ချစ်သူရယ်....

ဇော်မျိုးနောင်/တောင်ငူ

မေ ....... ဇော်မျိုးနောင်/တောင်ငူ

မေ ....

မေရေ....
ကိုယ်တို့နှစ်ယောက်ရဲ့
မေတ္တာဇာတ်လမ်းလေးကို
ပိတောက်တွေလည်း
အကြိုမထောက်နိုင်တော့ဘူးပေါ့နော်....

ဟိုအရင်တစ်ချိန်တုန်းက
တစ်နှစ်တစ်ခါ သစ္စာရှိစွာပွင့်တဲ့
ပိတောက်ပင်အောက်မှာ
ပိတောက်တွေခူး မေ့ကေသာဦးမှာ
ပိတောက်ဝါလှလှကလေးတွေလည်း
ပန်ပေးခဲ့ပါတယ်....

မေရယ်....
ကိုယ်တို့နှစ်ယောက်
ဘယ်လောက်ဝေးဝေး
သစ္စာတည်ရာ နှလုံးသားမြေမှာ
ပိတောက်တွေနဲ့ ဆုတောင်းခဲ့ဖူးပေမဲ့
အခုတော့လည်း
ပိတောက်လည်း သစ္စာမရှိ
မေလည်းချစ်တာ မသိလေတော့
မေတ္တာအခြေမလှတဲ့ကိုယ်ဘဝလေး
မေနဲ့အဝေးမှာ
တစ်ယောက်ထဲ နေရစ်ခဲတော့မယ်
မေရယ်....

ပိတောက်ပန်းကို
စိတ်မနာရက်သလို
အတိတ်တစ်နေရာမှာ
ချစ်ခဲ့ရတဲ့မေ့ကိုလည်း
အပြစ်မရှာရက်ပါဘူး
မေရယ်.......

ဇော်မျိုးနောင်/တောင်ငူ

ချစ်တတ်သူတိုင်းခံစားတတ်ပါစေ.... ဇော်မျိုးနောင်/တောင်ငူ

ချစ်တတ်သူတိုင်းခံစားတတ်ပါစေ....??


ညီမလေးရယ်.....အချစ်ဆိုတာ
အတူနီးစပ် တွေ့ခွင့်ရနေကြမှ
အချစ်လို့ ခေါ်တာမဟုတ်ပါဘူး
တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ဝေးဝေး
တစ်ယောက်ရဲ့ စိတ်ကူးထဲမှာ
တစ်ယောက်ကရှိနေရင်လည်း
အချစ်လို့ ခေါ်လို့ရပါတယ်ကွယ်...

ပိုင်ဆိုင်ခွင့်မရ မြတ်နိုးခွင့်မရလည်း
သံယောဇဉ်တိတ်တိတ်
နှလုံးသားရိပ်မှာ တမ်းတချစ်နေဆဲပါ
ညီမလေးရယ်......

ဇော်မျိုးနောင်/တောင်ငူ

သတိရခြင်း ....?? ​ဇော်​မျိုး​နောင်​ - ​တောင်​ငူ

သတိရခြင်း ....??

သတိရလိုက်တာ
ချစ်သူရယ်....??
မင်းကိုချစ်မိတဲ့
စိတ်တွေက
ထိန်းချုပ်လို့
မရနိုင်တဲ့အခါ
မင်းမရှိတဲ့
ငါ့အနားမှာ
အလွမ်းတွေနဲ့
လုံးထွေးရင်း
အထီးကျန်
ရက်စွဲတွေ
ငါတစ်ယောက်ထဲ
ရင်ဆိုင်နေရတယ်
ချစ်သူရယ်..??

စိတ်ကူးလေးပါပဲ.... ဇော်မျိုးနောင်/တောင်ငူ

စိတ်ကူးလေးပါပဲ....

မင်းဟာငါ့ဘဝ....
မင်းဟာငါ့ကမ္ဘာ....
ငါ့မျှော်လင့်ချက်
ငါ့အိပ်မက်တွေကို
အကောင်းဆုံး
ဖြည့်ဆည်းပေးနိုင်မဲ့
အလှဆုံးဘဝလေးပါ..?

ဒါပေမယ့်အခု....
ငါ့ရဲ့ အနားမှာ
မင်းမရှိတော့
ငါ့အနာဂတ်တွေလှပဖို့
မသေချာတော့ဘူးလေ
မတတ်နိုင်ဘူးလေ
ငါမျှော်လင့်သလောက်
မင်းအတွက်ငါက
အရေးမပါနိုင်သူတစ်ယောက်မို့....??

ငါ့အလွမ်း
ငါ့အချစ်
ငါ့ဘဝ
ငါ့စိတ်ကူးတွေနဲ့ပဲ
ဆက်ချစ်နေမယ်
ချစ်သူရယ်....??

ဇော်မျိုးနောင်/တောင်ငူ

မေ.... ဇော်မျိုးနောင်/တောင်ငူ

မေ....

မဖြေသာအတွေးမှာ အနေကြာဝေးလည်း
တွယ်တာမိတဲ့ရင်ထဲမှာ မေ့တစ်ယောက်ထဲသာ
ချစ်ရဆဲပါ....မေ

ကိုယ့်ဘဝအားငယ်မူတွေရှိလာတိုင်း
ကိုယ့်ရဲ့အနားမှာ
လမ်းပြကြယ်တစ်ပွင့်အဖြစ်နဲ့
ရပ်တည်ပေးခဲ့တဲ့ ....မေ

မေရယ်
အခုများတော့လည်း
မေကတစ်နယ် ကိုယ်ကတစ်ရွာ
ကမ္ဘာခြားပြီမို့ ကံကြမ္မာသာ
ဆုံစည်းခွင့်များ ရှိမယ်ဆိုရင်
ကိုယ်တို့နှစ်ယောက်
အတူပြန်ဆုံခွင့်များ
ရချင်ပါတယ်....မေရယ်။

ဇော်မျိုးနောင်/တောင်ငူ

ချစ်​သူ - သျှင်​​နေမင်း

ချစ်​သူ သျှင်​​နေမင်း

ငါအနားမှာနင်​ရှိသည်​ဖြစ်​​စေ....
နင်​မရှိသည်​ ဖြစ်​​စေ.....
နင်​​နေရာမှာငါ ဘယ်​သူကိုမှ
အစားထိုးမချစ်​ဘူး ဆိုတာ
ယုံကြည်​​ပေးပါ ချစ်​သူရယ်

သျှင်​​နေမင်း

ဝေး​နေ​ပေမဲ့ - သျှင်​​နေမင်း

ဝေး​နေ​ပေမဲ့ - သျှင်​​နေမင်း

တနယ်​တ​ကျေး တို့​ဝေး​နေလည်း
အမြဲထာဝရသတိရ​နေမှာပါ
ဆိုဖူးခဲ့တဲ့သစ္စာ
ပေးခဲ့ဖူးတဲ့ကတိ​တွေကို​ မေ့ပစ်​လို့
နင်​ငါနဲ့အ​ဝေးဆုံးကို ထွက်​ခွာသွားခဲ့​ပေမဲ့
မ​မေ့နိုင်​သူငါက​တော့
နင်​ကို​နေစဉ့်​နဲ့အမျှ သတိရ​နေလျှက်​ပါ
သက်​ဆိုင်​သူရယ်

လမ်းခွဲ - သျှင်​​နေမင်း

လမ်းခွဲ သျှင်​​နေမင်း

နှုတ်​ဆက်​စကားမဆိုပဲ
လမ်းခွဲရက်​တဲ့သူတစ်​​ယောက်​ကို
ငါဘာ​ကြောင့်​....အခုထိမ​မေ့နိုင်​​သေးတာလဲ

နင်​နဲ့ပတ်​သက်​ရင်​ အရာရာတိုင်းက
မ​နေ့တစ်​​နေ့ကလိုပဲ ငါပြန်​မြင်​​ယောင်​​နေမိတယ်
ငါကသူများ​တွေလို ရုပ်​မ​ချောဘူး
ပိုက်​ဆံလည်းမချမ်းသာပါဘူး

ဒါ​ပေမဲ့.....နင်​အ​ပေါ်မှာထားတဲ့
အချစ်​​တွေကို​တော့ အသိအမှတ်​ပြု​ပေးပါ
အချစ်​​ပေးလို့ အချစ်​ပြန်​မရတာက
ငါဇာတာ​ပေါ့....

ဒါ​ပေမဲ့.....နင်​ပြန်လာမဲ့အချိန်​ဆို
ငါ​မျှော်​လင့်​​နေမိတာ​တော့အမှန်​ပါ
နင်​အတွက်​ဆို ငါရင်​ခွင်​ဟာ
အမြဲတမ်းမြို့အဝင်​က
မုဒ်​ဦးတံခါး​ပေါက်​တစ်​ခုလို
ကြိုဆို​နေလျှက်​ပါ.....

မျှော်​လင့်​​နေမိသူ (သျှင်​​နေမင်း)

မျှော်​လင့်​​နေမိသူ (သျှင်​​နေမင်း)

ချစ်​သူရယ်​.....​နင့်​စွန့်​ပစ်​ခဲ့တာ
အချိန်​​တွေကြာခဲ့​ပေမဲ့
ငါရင်​ထဲမှာအခုထိ
တစ်​​နေ့ဆိုတဲ့အ​တွေး​တွေနဲ့
မျှော်​လင့်​​နေမိသူပါဟာ....။

ဒါ​ပေမဲ့
လှပ​နေတဲ့မင်းရဲ့အနာဂတ်​ကို
ဆင်းရဲလှတဲ့ငါရဲ့ဘဝထဲကို
ဆွဲမ​ခေါ်ရက်​ပါဘူးဟာ......။

ဘာဖြစ်​လို့လဲဆို​ရင်​......
နင့်​ကို အရမ်းချစ်​ခဲ့မိလို့
ရင်​နာနာနဲ့ စွန့်​လွတ်​ခဲ့တာပါ....။

နင့်​နဲ့ပတ်​သက်​လို့ ငါရင်​ထဲမှာ
ခံစားချက်​မရှိဘူးလို့ထင်​​နေတာလား....?
နင်​နဲ့ပတ်​သက်​လို့ငါရင်​ထဲမှာ
ခံစားချက်​​တွေရှိတာမ
ှရင်​ပွင့်​မတတ်​ပါဟာ.....။

ငါက နင်​မိဘအသိုင်းအဝိုင်းကို​ကြောက်​လို့
ရင်​မဆိုင်​ပဲ​နောက်​ဆုတ်​ခဲ့တာလည်း
မဟုတ်​ဘူး​နော်​....

နင့်​ကိုငါ
ပေးဆပ်​ခြင်းသက်​သက်​နဲ့ချစ်​ခဲ့လို့
နင့်​ဘဝပြည့်​စုံ​နေတာကိုမြင်​ချင်​လို့
အခုလိုဆုံးဖြတ်​ခဲ့တာကို
နားလည်​​ပေးပါ ချစ်​သူရယ်​....။

ချစ်​ခဲ့ဘူးတဲ့=သျှင်​​နေမင်း

အလွမ်းသင့်​နှလုံးသား --သျှင်​​နေမင်း

အလွမ်းသင့်​နှလုံးသား --

အားလုံးကို​မေ့ပစ်​နိုင်​စွမ်းရှိရင်
တဒင်္ဂ​လောက်​​မေ့ကြည့်​ချင်​တယ်​....

ဒါ​ပေမဲ့.....လူဆိုတာက
ထင်​ရှားစွာမက်​တဲ့အိမ်​မက်​ကို​တောင်​မှ
အ​မေ့ခက်​ကြ​သေးတာပဲ

နှလုံးသဲ​ခြေနဲ့ရင်းပြီး ချစ်​ခဲ့ကြတဲ့သူ​တွေ
တကယ်​အဖြစ်​ပျက်​တခုကို
ဘယ်​လို​မေ့လို့ရမှာလဲ
မေ့မရတဲ့ဒီ​ဝေဒနာဟာ
ငါအတွက်​​တော့.....
အလွမ်း​နေ့ရက်​ရှည်​တစ်​ရက်​ပါ

အရာရာကို​မေ့နိုင်​စွမ်းမရှိတဲ့
သူချင်းအတူတူမင်းရဲ့
ရင်​ထဲက​ဝေဒနာ​တွေ သက်​သာရာရပါ​စေလို့
ဆု​တောင်း​ပေး​နေပါ့မယ်​ ချစ်​သူရယ်

သျှင်​​နေမင်း

ကြွေကာပျက်​စီး......အညတရ​မောင်

ကြွေကာပျက်​စီး

သတိရခြင်းတွေသာထူထပ်လို့
အလွမ်းတို့ စိုစွတ်နေတဲ့နှလုံးသားပေါ်
ပင့်သက်များစွာနဲ့ တစ်ယောက်​တည်းငေးခဲ့ရတဲ့
ညနေခင်းတွေ တရွေ့ရွေ့ဝေးလို့........
လွမ်းဆွတ်ခြင်းရဲ့ အဓိပ္ပါယ်မှာ
ကောင်မလေးရေ.....ဒီလိုအချိန်တွေဟာ
ကြွေကွဲစရာ။

ကောင်မလေးရေ . . . .
အနားလာချင်ပေမဲ့
နင်မသိတဲ့အဝေးက
မိုးလင်းသွားတဲ့အလွမ်းတို့နဲ့
တိုးဝင်းမိတဲ့ ရင်ခွင်မှာ
မက်ခွင့်မရှိတဲ့ အိမ်မက်တွေနဲ့သာ
ငါဟာနင်ကို
အမြတ်တနိုး တန်ဖိုးထားချစ်ခဲ့သူပါ။

အညတရ​မောင်

၅၂၉........ မိုးသစ်စ(ကဗျာချစ်သူ)

၅၂၉........

အမှတ်မမဲ့
ဝင်ရောက်ခဲ့ခြင်းမဟုတ်ပါ
ရနံ့တစ်ခုကိုတွေ့လို့
မေ့မေ့မူးမူး
စွယ်တော်ရွက်တစ်ခြမ်းတည်းနဲ့သာ
ပင်လုံးညွတ်တော့တယ်
အလွမ်းကပန်းပန်တတ်သလား....
ခုတ်ထစ်ဖြတ်တောက်တဲ့
မျက်လှည့်ပွဲတစ်ခုလို
သွေးအတုတောင်
ဖောက်ထုတ်ခွင့်မရ
ဘဝကိုအမည်ပေးလိုက်ချင်တယ်

မျိုသိပ်ရုံသက်သက်
မိုးသစ်စ(ကဗျာချစ်သူ)

အလွမ်းနွေအောက်မှာ ပန်းတွေကောက်သီသူရယ်​........... သစ္စာရှင်​(သူရိယနေဝန်း)

အလွမ်းနွေအောက်မှာ
ပန်းတွေကောက်သီသူရယ်
ရင်ခွင်ပန်း နေလောင်နွမ်းတော့
စွဲလမ်းခြင်းတို့လည်း
ပင့်သက်နွယ်...
ရင်ထဲကမင်းလေးရဲ့
ခြေရာတွေလည်း..
လွင့်ပျက်ပျယ်ခဲ့ပေါ.။

သစ္စာရှင်​(သူရိယနေဝန်း)

ဓနမဲ့သူ၏နောက်ဆုံးခြေလှမ်း ----- သစ္စာရှင်​(သူရိယနေဝန်း)

ဓနမဲ့သူ၏နောက်ဆုံးခြေလှမ်း

အချစ်ဦးရေ...
မပြစ်ပယ်ဘူးလို့
ရင်ထဲမှဆုံးဖြတ်ခဲ့ပေမယ့်
မုန်းတတ်တဲ့မင်းကို
ငါလေ....အခုတော့
သုံးသပ်​ခဲ့ပြီ...။

မမုန်းတတ်တဲ့ငါ့အသည်း
မင်းအခါခါခွဲလို့...
ငါ့အသည်းကအခုတော့
မင်းကိုအမြဲပဲမုန်းတတ်ခဲ့ပြီ။

အချစ်ဦးရေ.. ..
ငွေဓနမစုံဖက်
ဂုဏ်မဲ့တဲ့ငါ့ကို...
မင်းရဲ့နှလုံးသားမှာ
ငွေဂုဏ်စုံမက်
လမ်းခွဲထွက်ပြီဆိုတော့
ဂုဏ်မက်တဲ့မင်းအတွက်
ငါလေ...အခုတော့
မင်းကိုထာဝရလမ်းခွဲခဲ့ပြီ။

သစ္စာရှင်​(သူရိယနေဝန်း)

အခုတော့...... သစ္စာရှင်(သူရိယနေဝန်း)

အခုတော့......

ထီးတစ်လက်တည်း
နှစ်ယောက်တွဲသွားခဲ့ဖူးတယ်
နှင်းဝေဝေ...နေပြင်းပြင်း
မိုးမင်းဘယ်လိုဖျက်လည်း
ရှေ့ဆက်ဖို့ရွယ်
အခုတော့ကွယ်
တွယ်တာသူမောင့်အား
ထီးလက်တွေခြံရံမိုးတော့
အငြိုးမာန်ပျိုးဖန်နှောက်ပါလို့
တစ်ယောက်သူနောက်လူတွေ့ပြီထင့်..
အချစ်ရယ်...
မုန်းမေ့ပြီလား။

သစ္စာရှင်(သူရိယနေဝန်း)

နားလည်​ပါ..... အလွမ်းသမား​လေး

နားလည်​ပါ

ပြောပြလိုက်​ပါ လိပ်​ပြာ​လေးရယ်
ကျွန်​​တော်​လွမ်း​နေရတာ​တွေကို​ပေါ့
သူမသိခဲ့တဲ့
ကျွန်​​တော်​ရဲ့ခံစားချက်​​တွေ
ကျွန်​​တော်​ရဲ့ရင်​ခုန်​သံ​တွေ
တခု​သော​နေရာက​နေ​ပေါ်ထွက်တဲ့
ခံစားချက်​တွေပါ

အလွမ်းသမား​လေး

လှမ်းခဲ့ပါ - အလွမ်းသ္မား​လေး

လှမ်းခဲ့ပါချစ်​သူရယ်
ကိုယ်​ရဲ့နှလုံးသားဥယျာဉ်​​လေးဆီကို
မင်​အတွက်​ပွင့်​လန်း​နေတဲ့
မေတ္တာပန်း​လေး​တွေက
လေယူရာယိမ်းနွဲ့ရင်း
ခြွေကာလမ်းခင်း​ပေးရင်း
မြေမှာခခဲ့ရ​သောပန်း​လေး​တွေက
ကိုနှလုံးသားကိုကိုယ်​စားပြုတဲ့
သက်​​သေ​လေး​တွေပါ
ချစ်​သူ

အလွမ်းသ္မား​လေး