Tuesday, December 30, 2014
အလင်းတန်း 🙏 သက်ပိုင်
(အလင်းတန်း)
ဆရာက ဗိုလ်မှူးကြီး
မဟုတ်ခဲ့ဘူး ။
ဒါပေမယ့် ဗိုလ်လောင်းတွေ
မွေးထုတ်ပေးခဲ့တယ် ။
ဆရာက အင်ဂျင်နီယာ
မဟုတ်ခဲ့ပါဘူး ။
ဒါပေမယ့် အင်ဂျင်နီယာတွေ
မွေးထုတ်ပေးခဲ့တယ်။
ဆရာက ဒါရိုက်တာ
မဟုတ်ခဲ့ပါဘူး ။
ဒါပေမယ့် အနုပညာရှင်တွေ
မွေးထုတ်ပေးခဲ့တယ်။
ဆရာက စာရေးဆရာ
မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် ကလောင်ရှင်များရဲ့ လက်ကို
မွေးထုတ်ပေးခဲ့တယ် ။
ဆရာက ဘုရားသခင်
မဟုတ်ဘူး
ဒါပေမယ့် တပည့်များရဲ့
ထာဝရအလင်းတန်းပါ
ဆရာ ။ ။ ။
သက်ပိုင်
အနမ်း ၂
အနမ်း ၂
ကံမ​ကောင်း အ​ကြောင်းမလှလို့
ဘယ်​​လောက်​ဘဲ​ဝေး​နေပါ​စေ
မင်း​လေး​ပေးတဲ့ အနမ်းတစ်​ချက်​ကို
တစ်​သက်​မ​မေ့ပါဘူး ညီမရယ်
အနမ်း ၁
အနမ်း ၁
လပြည့်​ညရဲ့ လ​ရောင်​​အောက်​မှာ
အနမ်းပွင့်​​လေး​ ပေးခဲ့ရတဲ့​နေ့ရက်​​တွေကို
ကိုအမြဲတမ်းတ သတိရမိတယ်​။
မမအတွက် 💔 ​နေလင်း​အောင်
မမအတွက်
မမ မသိပဲခိုးခဲ့တဲ့ဓါတ်​ပုံ
မမ မသိပဲချစ်​ခဲ့တဲ့အချစ်
မမ မသိပဲလွမ်းခဲ့မိတဲ့အလွမ်း
တကယ်​ဆိုရင်​​....
နောက်​ဆုံး​တော့မမရဲ့အမုန်းကိုရခဲ့ရသူ
ကိုယ်ပါ မမရယ်
အင်း​လေး ​နေလင်း​အောင်
​ေ​ဆြး
​ေ​ဆြး
​သံ​ေ​ယာ​ဇဉ် အမျှင်​တ​န်း​ကို
ရှ​င်​ခ​န်း​ဘ​ယ်​သြူ​ဖ​တ်နို​င်​ပါ့
ပူ​တ​တ်​သူ ​တ​စ်​သ​က်​လွ​မ်း​ရော့လို့ 
လ​က်​က​မ်း​က ​ဝေ​ဒ​နာမျှချ​င်​လ​ည်း
ဘ၀​နွေ ​အနု​သ​ယ​ေ​တာ​မွာ
(​အ​ခုေ​တာ့.....)​ခ​ပ်​စိ​မ်း​စိ​မ်းပဲေ​န​ပါ့​မ​ယ်
အနု​သ​ယ ​န​ယ်​အ​တွ​င်း​မှာ
သ​မု​ဒ​ယ ​တ​က​ယ်​မ​တ​င်းရေ​အာ​င်
ညီ​မေ​လးရ​ယ်
​အ​ခု​ဘ၀​မွာ​ေ​တာ့......။
Monday, December 29, 2014
မိခင်ကျောင်းတော်……နှင်းနှင်းဝေ
မိခင်ကျောင်းတော်……နှင်းနှင်းဝေ
အမှန်အမှား သူပိုင်းခြား၍
တမာလိုမခါး သကာလိုကြားတွင်
မွှေးပြန့်လွင်လွင် အသက်ရူဖို့
သူ့ရင်သာ. အနွေးထွေးဆုံး
အမှောင်ဖုံးကို အလင်းစွမ်းအား
မေတ္တာများဖြင့် လူ့ဘောင်ကြားတွင်
စည်းကမ်းရှိရှိ သူထွန်းညှိသည်...
သူအပြုံးသာ အလှဆုံး
ခန္ဓာခွန်အား စိတ်ခွန်အားကို
နည်းလမ်းဖုံဖုံ ပြီးပြည့်စုံလို့
လမ်းမှန်ရှေ့သို့ တွန်းဆွဲပို့သည်
သူ့နှလုံးသာ အဖြူစင်ဆုံး
သူ့ရဲ့နည်းလမ်း သူ့စည်းကမ်းက
လောကအချင်း လောကအဆင်းကို
ကောင်းကျိုးပြုလို့ တန်ဆာဆင်သည်
သူဟာအမိမြေ၏ စာသင်ကျောင်းပင်တည်း....
နှင်းနှင်းဝေ………
Wednesday, December 24, 2014
သော့ခတ်ထားမယ် ✏ (မြေစာ-ကောလင်း)
သော့ခတ်ထားမယ်
အတွေးကမ္ဘ္ဘာထဲမှာ
ချာချာလည်နေတဲ့
နှလုံးသားတစ်ခုဟာ
သန်းခေါင်ယံထက်
ညဥ့်နက်သွားလည်း
မအိပ်စက်နိုင်သေးပါဘူး ။
အပြုံးပန်းမဆင်နိုင်သူအတွက်
အမုန်းခန်းမဝင်ရလေအောင်
နှလုံးသားတံခါးကိုပိတ်
အခုတော့ အိပ်စက်ခဲ့ပါပြီ ။
မနက်ဖြန်ဆိုတဲ့
အနာဂတ်တွေလင်းလက်စေဖို့
အိပ်မက်တွေကို သော့ခတ်ထားပါတယ် ။
(မြေစာ-ကောလင်း)
ကဗျာချစ်သူ ✏ လင်းတမန်
ကဗျာချစ်သူ
ကဗျာကိုတွေး
ကဗျာရေး
ကဗျာသွေးစက်
ငါ့အသက်။
လင်းတမန်(တန့်ဆည်)
Sunday, December 21, 2014
ချစ်​သူသိ​ပါ​စေ.... ဝေလင်းခန့်
ချစ်​သူသိ​ပါ​စေ
ဆွေးစရာညပါ
အ​တွေး​တွေက​ခြောက်​လှန့်​လို့
ပြေးစရာရင်​ခွင်​မရှိသူအဖို့
အထီးကျန်​မှုနဲ့အတူ
အလွမ်း​တွေကို အ​ဖော်​ပြု​နေရ
တမ်းတမိတယ်​ ဟိုး...ရင်​ကချစ်​သူဘဝ
မိုင်​​ပေါင်းမျာစွာ မင်းထွက်​သွားလဲ
မ​ပြောင်းလဲပါ ငါသစ္စာ
ရင်​ထဲတည်​မြဲ ချစ်​ဆဲပဲမို့
မင်းပြန်​လာပါ ငါကမ္ဘ္ဘာကို
ကြိုဆိုပါ၏
ဝေလင်းခန့်
Pku
အချစ်စစ် ✏ ( သစ္စာရှင်)
အချစ်စစ်
ချစ်တယ်လို့ပြောလိုက်တိုင်း
ဒီစကားမျိုးကြားဖူးတာ
နင်ရောဆိုရင်
မရေမတွက် နိုင်
မ""ခဏခဏပြောနေကျစကားလေးပါ
ကျွန်တော်ကတောသားမို့ ချစ်တာကို
ချစ်တယ်လို့ ပြောတာပါ
ကဗျာတွေ ကာရံတွေမပါပေမဲ့
မိကောင်းဖခင်သားသမီး
ပီသစွာ တစ်လုံးချစ်သွားမဲ့သူရယ်ပါ
ချစ်တာကို ချစ်တယ်လို့
ပြောခွင့်မရရင်လဲ
နေပါစေတော့
ချစ်တာကတော့
အချစ်စစ်နဲ့ပါပဲ
အချစ်စစ်စစ်နဲ့
ချစ်ခွင့်ရရင် စစ်ဘုရင်
သန်းရွှေကိုတောင်
သတ်ရဲပါတယ်
အချစ်စစ်စစ်နဲ့တာ
ချစ်ခွင့်ရရင်
တရုတ်ခရုနီ တေဇ ဆီက
မြေဧကာပေါင်းများစွာ
ဝယ်ပြီးလက်ဆောင်ပေးချင်တယ်""
အချစ်စစ်တာ ချစ်ခွင့်မရှိရင်
တိုင်းရင်သားပြည်သူကို
နှိုပ်စက်နေတဲ့ ကာချုပ်မင်းအောင်ဆီက
သေနတ်နဲ့တာ ပစ်သတ်ပါတော့
( သစ္စာရှင်)ဖောင်းပြင်
ခွင့်လွတ်ပါ ✏ မိုးထက်
( ခွင့်လွတ်ပါ)
မြင်သာ မြင်ရ ကြင်ခွင့်မရ
အဝေးကနေ ဒို့တစ်တွေကို
မေတ္တာပိတ်ဖုံး သိပ်မမုန်းဖို့
တောင်ပန်းပါရစေ
မိုးထက်(ဖောင်းပြင်)
ပြက္ခဒိန်ထက်ကအလွမ်းများ (လျှို့ဝှက်လွမ်း)
ပြက္ခဒိန်ထက်ကအလွမ်းများ (လျှို့ဝှက်လွမ်း)
အချိန်တွေက
ပြက္ခဒိန်တွေကိုပဲ ဝါးမျိုနိုင်သလို
ရေဆိုတာလည်း
ကမ်းပါးတွေကိုပဲ တိုက်စားခဲ့တယ် ချစ်သူ
အချိန်တန်ရင်မေ့မှာပါလို့
ပြောတတ်တဲ့လူအချို့ရင်ထဲမှာ
အချစ်ဟာတကယ်မရှိပါဘူး ချစ်သူ
နင်လဲငါ့ကိုပြောခဲ့ဖူးတာပဲ
နင်ပြန်မချစ်နိုင်ပေမဲ့
အသွားအပြန်ကိုမျှော်လင့်သော်လည်း
အနိုင်အရှုံးနဲ့ ဆန်းမစစ်ခဲ့တဲ့
ငါ့အချစ်တွေကို
နင်တစ်နေ့တော့နားလည်နိုင်ပါစေနော့့် 
လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)
Wednesday, December 17, 2014
တဖတ်သတ်အချစ်
အလှမ်းဝေးတဲ့ကြယ်တပွင့်ကိုမှ
ခူးဆွတ်ပြီးပန်ချင်ခဲ့တာ
တဖတ်သတ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
အကြိမ်ကြိမ်ကျဆုံးခဲ့တယ်
လှောင်ရယ်​နေတဲ့
အပြုံးမျက်နှာ​အောက်​မှာ
အိပ်ရေးပျက်တဲ့ညတွေလဲများခဲ့ပြီ
ထားလိုက်ပါ......
ဘဝတသတ်စာမျှော်​လင့်ခြင်း​တွေက
မနက်ဖြန်တိုင်းအစီအရီပါပဲ
အဲဒီအချစ်ကမီးတောက်လို
ငါရင်ထဲ
လောင်မြိုက်​နေပါ​စေ....
မျက်ရည်မိုး​တွေနဲ့
ငြိမ်းသတ်မယ်
မင်း​ပေးတဲ့အနာတရတွေနဲ
နေသားကျ​နေတဲ့
ငါရဲ့အချစ်က
မြေမြုတ်သင်္ဂြိုလ်ဖို့မှ
မဟုတ်တာ.......?
ငါနှင့်ပန်းကလေး.....ကံ့ကော်သား ငြိမ်းချမ်း
"ငါနှင့်ပန်းကလေး"
အရေးတယူ အလေးမူ၍
ကြည်ဖြူအစဉ် ရှု့ တိုင်းယဉ်ဖို့
ရေလောင်းပေါင်းသင် ပိုးမဝင်အောင်
ပြုပြင်နှစ်ခြိုက် ငါဂရုစိုက်ခဲ့။
အလှလည်းစုံ ရနံ့စုံတော့
တစ်ပါးသောသူ အသစ်လူက
ဆွတ်ခြူခူးခတ် နင်းခြေဖျက်တော့
ငါ၏ရင်ထဲ မျက်ရည်ဝဲပြီ
သြော်.....ငါနဲ့ပန်းကလေးသို့......
သတိရ​ပေးပါ ✏ ​ဥယျဉ်မှူး
သတိရ​ပေးပါ
နွေအခါမှာ​ကြွေလာတဲ့
ရွက်​ဝါကိုမြင်​လို့ဘဲဖြစ်​ဖြစ်
မိုးအခါကိုမြင်​ကျလာတဲ့
မိုး​ရေစက်​ကိုမြင်​လိုဘဲဖြစ်​ဖြစ်
ဆောင်​အခါကျလာတဲ့
မြူနှင်းတွေကိုမြင်​လို့ဘဲဖြစ်​ဖြစ်
အကြိမ်​တစ်​ရာမဟုတ်​​တောင်
တစ်​ကြိမ်​တစ်​ခါ​တော့
သတိရ​ပေးပါ မိန်​က​လေးရယ်
ဥယျဉ်မှူး
Sunday, December 14, 2014
ဘယ်လိုကုစားရမှလဲ...✏ မောင်ကေ
ဘယ်လိုကုစားရမှလဲ...
ချစ်တတ်အောင် သင်ပေးခဲ့တာ….နင်ပါ
ဒါပေမယ့်……
အချစ်ကရတဲ့အလွမ်းတွေကိုတော့
ဘယ်လိုကုစားရမယ်ဆိုတာကို
နင်ဘာလို့သင်မပေးခဲ့တာလည်း
အခုတော့…...ငါ
အချိန်တိုင်းနင့်ကိုလွမ်းလွန်းလို့
ငါ့မျက်ဝန်းတွေထက်က
မျက်ရည်တောင်ကျခဲ့ပါပြီ။
မောင်ကေ(သောတုဇန)
ချစ်ဆုံးသူ ( ပြည့်ဖြိုး )
ပစ်ခဲ့တဲ့ပန်းကို
ဘယ်သူမှသတိမရှိပေမယ့်
ဖြစ်ခဲ့တဲ့အလွမ်း
ရင်မှာခံစားရတဲ့သူ
ဘယ်သူရှိပါ့မလဲ
ပန်းတစ်ပွင့်ကိုလွမ်းဖို့
ပစ်ဖူးချင်ပစ်ဖူးမယ်
လူတ​ယောက်ကိုလွမ်းဖို့
ဘယ်သူချစ်ဖူးခင်ဖူးမှာလဲ
ရှိပါ​စေ​တော့ရယ်လို့
ကံကြမ္မာကိုအပြစ်ပုံပြီး
မသိမသာ​နေခဲ့​ပေမယ့်
သံသရာလည်​တော့လည်း
တခါတ​လေ​....မှာ
အတိတ်ဟာအရိပ်လိုကပ်ပါ​တော့
မြင်ရတာသတိရတာ
ရှိ​နေဆဲပါ..................
ပြည့်ုဖြိုး
မေလေးသို့....(၃).... မောင်သူရိန်
မေလေးသို့....(၃)
လမင်းရယ်ထိန်ထိန်သာ
ပြောပေးပါဗျာ
လူမမြင်အသံမကြားပေမယ့်
လမင်းမှာအကြည့်ချင်းဆုံ
ကျွန်နော်ရင်ခုန်နေတယ်လို့
မောင်သူရိန် ( မော်ကျွန်းငရဲသား )
မေလေးသို့.....(၂) မောင်သူရိန်
မေလေးသို့ (၂)
အလွမ်းဖြေဖို့
အိပ်ရာဘေးမှာ မေ့ဓါတ်ပုံတွေရှိတယ်
အလွမ်းဖြေဖို့
အိပ်ခါနီမှာ မေ့စာလေးတွေဖတ်တယ်
အလွမ်းပြေဖို့
အလွမ်းဖြေရင်း မေ့မျက်နှာမြင်ရနိုးနဲ့
တရေးနိုးလဲတမ်းတအော်ခေါ်
မေ...ရေ....
မြင်လှည့်ပါတော့နော်
မောင်သူရိန်( မော်ကျွန်းငရဲသား )
မေလေး သို့ ( ၁ ) မောင်သူရိန်
* မေလေး သို ၁ *
တနေ့ကလေ....
မေ့အကြောင်းတွေး
စိုရိမ်မိသေးတယ်
ကွယ်ရာမှာ
သစ္စာဖောက်သွားရင်ဆိုတဲ့ အတွေးနဲ့
သိပ်ခြောက်ခြားသွားတာပဲ
ဒါပေမဲ့လဲ ယုံကြည်ပါတယ်
မေ့သိက္ခာကို ကိုကိုလိုပဲ
သစ္စာစောင့်စည်း
အကြင်နာကြီးမယ့်
ချစ်ဇနီးလောင်းလေးလို့
မောင်သူရိန်( မော်ကျွန်းငရဲသား )
အဖြည့်​ခံ ✏ များစွာပျားဘုရား
အဖြည့်​ခံ
လွမ်းရလွန်းလို့
ကျခဲ့တဲ့မျက်​ရည်​​တွေ​ကြောင့်
အဖြည့်​ခံအ​နေနဲ့
အ​ဖော်​အဖြစ်​နဲ့ရှိ​နေခဲ့တဲ့
ခေါင်းအုံး​လေးက​တောင်
ပြော​နေပြီချစ်​သူ
"ငါလည်း အ​အေးမိ​နေပြီ" တဲ့
များစွာပျားဘုရား
စစ်ကွင်းသူ....✏ လွမ်းစေသူ
စစ်ကွင်းသူ
အထာမကျလေသော
လောကကြီးရဲ့အလယ်
ပျားပိတုန်းတို့ရဲ့ကြားမှာပေါ့
အဆင်းရနံ့တွေသင်းပျံ့ဖို့
ဆုတောင်းပေးလိုက်ချင်ပေမယ့်
ပန်းကလေးရယ်အသွင်မတူတဲ့
ဘဝသမားတစ်ယောက်ရဲ့
ရင်မှာပျိုးတဲ့ပန်းကလေးမို့
ရင်ထဲမှာပဲမြတ်နိုးသွားပါတော့မယ်
သက်ဆိုင်မှသာ တိုက်ဆိုင်မှာပါ
ချစ်မိသူသာ လွမ်းရမှာပါ
ပန်းလိုဝေရင်လန်းစေမှာပါ.........
စစ်ကွင်းသူမမသို့....လွမ်းစေသူ
ပန်းအချစ်ကဗျာ.....✏ o.k.m.t
ပန်းအချစ်ကဗျာ
စံပယ်လိုလှတဲ့မင်းရဲ့အလှကို
ခ ရေပန်းရနံ့လေးတွေက စိုးမိုးထားတယ်
ကိုယ်က ဇီဇဝါပန်းလို ဇီဇာမကြောင်ပါဘူး
ရွက်လှလိုလှတဲ့ မင်းရဲ့အလှကို
ကိုယ်အိမ်မက်ထဲမှာတောင်
မေ့ဖျောက်လို့မရဘူး
အဆိပ်ပြင်းတဲ့မင်းမျက်လုံးက
နှင်းဆီပန်းလိုပဲ
ကိုယ်က ပိတောက်လိုသစ္စာရှိရှိချစ်မှာပါ
သပြေလိုအမြဲပြေလည်ချင်တယ်ကွာ
ရည် ရွယ်သူအတွက်o.k.m.t
မျိုသိပ်အလွမ်း ✏ အညတရမောင်
မျိုသိပ်အလွမ်း
မျက်ကွယ်ပြုခံရတဲ့နာရီလက်တံရဲ့
ရွေ့ခြားမူတိုင်းမှာမင်းမျက်ဝန်းတွေ
ွငါနှလုံးသားပေါ်သွန်းချခဲ့တော့
ဒီအလွမ်းတွေသက်ဝင်ခဲ့ဖူးပါပြီ။
တမ်းတခြင်းနဲ့ချုပ်သီထားတဲ့
သတိရမူမှာ အမြစ်တွယ်နေတဲ့
သောကကိုမေ့ဟန်ဆောင်ဖို့
အလွမ်းဆိုတာက
ခြေရာအထပ်ထပ်နဲ့
မသိမ်းပဲရရှိလာတဲ့နာတာရှည်
်ယိုယွင်း ရွေ့လျှား အမေ့ခက်တဲ့
အိမ်မက်လေးတစ်ခုပါ။
တကယ်တော့လေ. . . .
နှလုံးသားရဲ့နံရံထောင်ချိုး
အကွယ်မှာ အပူအပင်နဲ့
ကျွံကျွံဝင်နေတဲ့ ဒီဖြစ်ရိုးဖြစ်စဉ်တွေထဲ
အလွမ်းစာမျက်နှာအလွတ်ပေါ်မှာ
ချရေးခွင့်မရတဲ့ မြတ်နိုးမူနဲ့
ဖွင့်ဟခွင့်မရှိခဲ့တော့
ချစ်ခြင်းတစ်ခုမှာ ငြိမ်သက်လို့
ဒီအတိုင်းလွမ်းစိတ်ကိုထွေးပိုက်
မျိုသိပ်ခဲ့ရသူပါ။
အညတရမောင်
ချန်မထားခဲ့နဲ့.... ✏ အညတရမောင်
ချန်မထားခဲ့နဲ့
ယုံကြည်မူတွေ အသိမ်းခံရတဲ့
ချစ်ခြင်းမှာ နေသားကျဖို့
အပျက်ပျက်ဖြစ်စေတော့
ငါနှလုံးသားနံရံမှာ
အက်ကြောင်းရာတွေထပ်လို့
အသက်ရှုရပ်မတတ်
နှလုံးသည်းပွတ်မှာ မြတ်နိုးခဲ့ရပေမဲ့. . . .
ဟောဒီရင်ဘတ်ပေါ်က
နေရာလပ်မကျန်အောင်
အချိန်မတိုင်ဘဲ ကြွေလွင့်သွားရတဲ့
အိမ်မက်နဲ့သောကတွေ အောက်မှာ
ငြိမ်သက်မွန်းကျပ်
အစွန်းအထင်းများခဲ့ပြီလေ။
တကယ်တော့ ချစ်သူရေ. . . .
တမ်းတမွတ်သိပ်မူ
ဝေဒနာ ကောက်ကြောင်းနဲ့
လွမ်းဆွတ်ရာဆီသောကထမ်းပိုးရင်း
လွတ်မြောက်ခွင့်မရတဲ့ဝေဒနာတွေ
ကိုယ်နဲ့တသားထဲ
ို့နှလုံးသားနဲ့ထပ်စီထားတဲ့
အကွာအဝေးကြားမှာကိုယ့်အိမ်မက်တွေကို
ိုတစ်နေနေရာမှာချန်မထားခဲ့ပါနဲ့။
အညတရမောင်
ထားခဲ့ပါ....အညတရမောင်
ထားခဲ့ပါ
စက္ကန့်တစ်ခုရဲ့နာရီမှာ
ဝေဒနာကိုကဗျာသီလို့
ငါသာနင်ရဲ့ ဥပေက္ခာမှာ
တစ်နေရာစာဆိုတာ
ငါအတွက်တွယ်ရာမဲ့ လို့
နင်မပါတဲ့ ငါကမ္ဘာငယ်လေးထဲမှာ
ဒဏ်ရာတွေနဲ့
နေပျော်ဖို့ ကြိုးစားမှာပါ။
ကျန်နေမှာကိုသိလျှက်နဲ့
ချစ်မိတဲ့ ငါ့နှလုံးသားကမင်းရဲ့
ရင်ခုန်သံကိုတောင်းတလွမ်းဆွတ်
သတိရခွင့်ရှိရုံလေးမို့ ထားခဲ့ပါ . ။
နင်. . .ကို. . .
်သိပ်ချစ်ပေမဲ့ အဆိပ်ဖြစ်စေမဲ့
ဒီမြတ်နိုးခြင်းက
ဘဝတစ်ခုလုံးအတွက်
ဒဏ်ခတ်မူသာဖြစ်ပါစေတော့
့အမုန်းမဘက်ပဲ ပြုံးလျှက်နဲ့
အရာရာအားလုံးအတွက်
နင်ကိုကျေးဇူးတင်နေမှာပါ။
အညတရမောင်
နွေ ✏ ကံ့ကော်သား ငြိမ်ချမ်း
"နွေ"
ရွက်ဝါကိုချွေ ရွက်သစ်ဝေဖို့
လေပြေလေညင်း တိုက်ကာယှဉ်၍
ဥသြသံချို နွေလိုခေါ်သည်။
ကျောင်းတွေလဲပိတ် မျက်ရည်ရိပ်နှင့်
ဆွေးစိတ်ဗျာဗွေ မွေးရပ်မြေသို့
ချစ်သူနဲ့ခွဲ သောကထဲဝယ်
ပူပြင်းရှရှ ဂိမှန္တ တဲ့။
ဇရက်မောင်နှံ သံစုံချွဲ၍
မြူးတူးကခုန် ပျော်ပွဲစုံလည်း
လက်ပံမြေခ တပေါင်းလမို့
လွမ်းရိပ်ဝေစီ နွေဦးဆီသို့.....
ကံ့ကော်သား ငြိမ်ချမ်း
ကဗျာချစ်သည့် ကျွန်တော်ဘဝ. ✏ ကံ့ကော်သား ငြိမ်ချမ်း
"ကဗျာချစ်သည့် ကျွန်တော်ဘဝ"
ရှာဖွေသုတ ပြည့်စုံဝသည့်
သက္ကသီလာ မြေမဟာသို့
တစ်ခေါက်တစ်ခါ ငါမရောက်ရှာခဲ့
ဘွဲ့နှင်းသဘင် ဘယ်ဆီဝင်လဲ
မသိလေးရှာ ငါပါလာဟု
ညှိုးငယ်စိတ်ဓာတ် အားအင်ပြတ်၍
မျက်ရည်တစ်စက် ငါမကျလေခဲ့
အတန်းပညာ ဂုဏ်ပါဝါလဲ
နတ္ထိဗလာ မရှိလေပါ
သို့သော်သည့်ကား
ထုံလှဝါသနာ ပါသည်တာကြောင့်
ဖတ်သည့်ပညာ မှတ်သညာနဲ့
ကဗျာတစ်ပုဒ် ထုဆစ်ထုတ်သည်
မှားသည့်အက္ခရာ ပါခဲ့ပါက
သနာသည်စိတ်ထား ချစ်ခင်ပွား၍
ခယဝတ်ညောင်း ကျွန်တောင်းပန်သည်
ကဗျာကဝိ မဟုတ်သည်မို့။
(ကံ့ကော်သား ငြိမ်ချမ်း)
သူငယ်ချင်းပဲ....✏ သက်ပိုင်
(သူငယ်ချင်းပဲ)
ချစ်လို့စတဲ့ စကား
အပြစ်လို့ ထင်မှာစိုးတယ်။
ရိုးရိုးလေး ပြောမယ်။
ချစ်ပြီးရင် မုန်း
ပြုံးပြီးရင် မဲ့
တွဲပြီးရင် ပြန်
လောကဟာ ပုံမမှန်ဘူး။
ယုံရဖို့အလွန်ခက်
မွန်းကြပ်ပါတယ်လေ။
ဒါကြောင့် …
ဖောက်ပြန်ခြင်း ကင်း
ခိုင်မြဲခြင်း သစ္စာ
ဆန့်ကျင်တာ မရှိ
သံယောဇဉ် အတိနဲ့
နှောင်ကြိုးရစ် ဖြူစင်
တို့တစ်တွေ
သူငယ်ချင်းပဲကောင်းပါတယ်
သက်ပိုင်
မိုးချစ်ဦး ✏ နွေကိုကြောက်သောနှလုံးသား
နွေကိုကြောက်သောနှလုံးသား
ရေအိုင်တွေခမ်းခြောက် နွေးဦးအရောက်မှာ
အစာဖွေလျှမ်း တောကျီးကန်းလေခများ
အစာခုံမင် သည်စိတ်အင်ဖြင့်
မမြင်ရွှံ့နွံ နိမ့်ဆင်းဟုန်ဖြင့်
ငါကိုသာမြင် နွံမမြင်ခဲ့။
ကြွေသောရွက်တို့ ဝေသောနွေမှာ
နွမ်နစ်သေဆုံး ဘဝရှုံး၏
ထိုအတူသာ မခွဲသာဘဲ
ငါ့ရဲ့ဘဝ ငါ့ကန္တာမှာ
ရင်တွင်းဖူးဝေ အချစ်တွေနဲ့
အရိုးမြေကျ ချစ်ခဲ့ပါလည်း
မာယာသခင် မင်းညွတ်ကွင်းမှာ
အတင်းတိုးဝင် ခရီးနှင်ခဲ့
မာယာတွေပြ သည်နွေလမှာ
နွေလေကထူး နွေလေရှုးနဲ့
ကြွေသောရွက်တို့ ဝေသောနွေတိုင်း
မဖြေစိတ်ယိုင် နွမ်းခွေယိုင်လျှက်
နေစဉ်ရက်စက် လွမ်းနေလျက်ပါ။
စိတ္တဇနှလုးံသား မိုးချစ်ဦး
ပေါင်းတည်သားလေး
နင်ပေးခဲ့တဲ့ ဥပေက္ခာ ✏ ရှင်းသန့်ဖြူ
ပြောစရာစကားတွေသိပ်များပေမယ့်
ဘာစကားမှပြောခွင့်မရတော့တဲ့အချိန်မှာ
ကျေးဇူးပြုပြီး နင် ငါနဲ့ဝေးဝေးနေပေးပါ
ဝမ်းနည်းနေပေမဲ့
ငါ့မျက်ရည်ခမ်းခြောက်သွားတဲ့အခါ
ငါ့မျက်နှာကို သေချာကြည့်ပြီး
မျက်ဝန်းထဲကအဖြေကို ရှာဖို့
ကျေးဇူးပြုပြီး နင်မကြိုးစားပါနဲ့တော့
နင်ပြောတဲ့စကားတွေကို
မှန်တယ် မှားတယ်လို့
ငါ ဘာတခွန်းမှ ပြန်မပြောတော့တဲ့အခါ
ကျေးဇူးပြုပြီး နင်မအံ့သြပါနဲ့တော့
ဝမ်းနည်ခြင်း၊ နာကျင်ခြင်း၊
မျိုသိပ်ခြင်း၊ သည်းခံခြင်းတွေနဲ့
နေသားတကျရှိနေတဲ့ ငါ့နှလုံးသား
နာကျင်အေးခဲလာလို့ အရင်လိုပြာယာခတ်
မပေါက်ကွဲတော့တဲ့အခါ ငါ့ကိုကျေးဇူးပြုပြီး
နင်ကျောခိုင်းလိုက်ပါ
နင်ပေးခဲ့တဲ့ ဥပေက္ခာတွေအပေါ်မှာ
ငါနေသားကျနေပြီမို့ပါ....
ရှင်းသန့်ဖြူ
ငါကျေနပ်ပါတယ် ✏ ရှင်းသန့်ဖြူ
ငါကျေနပ်ပါတယ်
တစ်​ခါတစ်​​လေ.....
နင်​အလုပ်​များတာရှိမယ်
တစ်​ခါတစ်​​လေ.....
နင့်​မှာချိန်းထားတာရှိမယ်
ဒါ​ပေမယ့်​.....
နင်​ဘယ်​​လောက်​ပဲအလုပ်​များများ
တစ်​ရက်​မှာ ၁၄၄၀မိနစ်​​တောင်​ ရှိတာပဲဟာ
အဲဒီထဲက ငါ့ကို ၁ မိနစ်​​လောက်​သတိရပေးရင်
ငါ​ကျေနပ်​ပါတယ်
ရှင်းသန့်ဖြူ
မရယ်ပါနဲ့.... ရှင်းသန့်ဖြူ
မရယ်ပါနဲ့ချစ်သူ
ထွက်သွားတဲ့နင်ကိုလဲမုန်းတယ်
ထွက်သွားခွင့်ပြုတဲ့ လောကကြီးကိုလဲမုန်းတယ်
ထွက်သွားမယ်ဆိုရင် ငါရင်ခွင်ကိုမလာပါနဲ့လား
နင်ထွက်သွားပြီးတဲ့နောက်မှာ
ငါမိတ်ဆွေသုံးဦးနဲ့ ဆုံတွေခဲ့တယ်
သူတို့တွေက အလွမ်း,အဆွေး,အထီးကျန်, တဲ့
နင်သိမှာ မဟုတ်ဘူးထင်တယ်
ဘာကြောင့်လဲသိလား
နင်ကမချစ်တတ်လို့.....
ရှင်းသန့်ဖြူ
ဆုံမှတ်​ရဲ့အလွန်​.....Jasmine(ဓနု)
ီဆုံမှတ်​ရဲ့အလွန်​.....Jasmine(ဓနု)
ဘာလိုလိုနဲ့
အချိန်​​တွေကုန်​လာလိုက်​တာ
အခုဆို နင်​ငါ့ကို​မေ့​နေ​လောက်​တဲ့အထိ​ပေါ့
အရင်​က ငါ့တို့နှစ်​​ယောက်​ကြား
ရှိခဲ့ဖူးတဲ့ သံ​ယောဇဉ်​လက်​ကျန်​​လေး​တောင်
အ​ရောင်​မှိုင်​​နေ​လောက်​ပြီ
အချိန်​​တွေကြာလာ​လေ
တို့နှစ်​​ယောက်​နီးစပ်​ဖို့
မ​သေချာ​လေပါဘဲလား..........
အမှတ်​တရ........ Jasmine(ဓနု)
အမှတ်​တရ........ Jasmine(ဓနု)
မဆုံဆည်းနိုင်​တာသိ​နေလျက်​နဲ့
ဘာလို့များဆုံ​တွေ့ခွင့်​​တွေ​ပေးခဲ့
သံ​ယောဇဉ်​​တွေကြိုးရှည်​ချိန်​မှ
ဘာဖြစ်​လို့ ​ဆေးထိုးသလို
အမြန်​ပြန်​နုတ်​ချင်​ရပြန်​တာလဲ
မြှားနတ်​ရှင်​ရယ် Jasက လူနာမှမဟုတ်​တာ
ဘယ်​လိုခံနိုင်​ရည်​ရှိပါ့မလဲ​နော်​........
အချစ်=အလွမ်း ✏ ဆုသက်အောင်
အချစ်=အလွမ်း
အချစ်နဲ့အလွမ်းကို
ညီမျှခြင်းချထားတဲ့
ကျွန်မဘဝမှာ
မောင့်ကိုလွမ်းနေရတာ
အရသာတစ်ခုလို ဖြစ်နေတာမို့
မောင်ထားသွားလို့
မလွမ်းရဘူးဆိုရင်
နေတတ်ပါတော့မလားမောင်ရယ်
ဆုသက်အောင်(ထိန်တော-မိုးညို)
အမေ့အဆုံးအမ. ✏ မောင်ကေ
အမေ့အဆုံးအမ
အမေကိုရှိခိုးရိုသေနေတာထက်
ပြုစုယုယပြီးစိတ်ချမ်းသာအောင်
ထားခြင်းသည်သာအမြတ်ဆုံးပါ။
မိဘလည်းသင်္ခါရ သားသ္မီးလည်းသင်္ခါရ
တစ်နေ့နေ့တော့ဒီအမေနဲ့ဒီသားသ္မီး
ပြန်မလာတဲ့လမ်းကနေ
လက်ပြနှုတ်ဆက်
အပြီးပိုင်လမ်းခွဲကြရမှာပါ။
ရုပ်ဝတ္ထုပစ္စည်းတိုင်းကို
တန်ဖိုးဖြတ်နိုင်ပေမယ့်
အမေ့ရဲ့မေတ္တာစေတနာကိုတော့
တန်ဖိုးမဖြတ်နိုင်ပါဘူး။
အမေ့ဘဝနိဂုံးချုပ်သွားသော်လည်း
အမေ့အဆုံးအမတွေ
မျက်ရည်တွေနဲ့
နောင်တကြီးစွာမရကြပါစေနဲ့။
မောင်ကေ(သောတုဇန)
ကော်ပတ်ရုပ်ဟာ……® မောင်ကေ
ကော်ပတ်ရုပ်ဟာ……®
ကော်ပတ်ရုပ်ကို
လူအစစ်ထင်ပြီး
ပျော်တတ်တဲ့ကလေး
ကလေးတွေကို
ကော်ပတ်ရုပ်အစစ်ထင်ပြီး
ပျော်တတ်တဲ့လူကြီး
ကစားချင်သလိုကစား
ထားချင်သလို
ထားလို့ရပေမယ့်
ကော်ပတ်ရုပ်ဟာ
ကော်ပတ်ရုပ်ပါပဲ။
မောင်ကေ(သောတုဇန)
ပန်းတို့ရဲ့ဥယျာဉ်မှူး ✏ မောင်ငယ်ရင်သွေး
"ပန်းတို့ရဲ့ဥယျာဉ်မှူး"
ပန်းမြိုင်လယ်မှာ
တော်ဝင်ဆန်တဲ့
ပန်းလေးတစ်ပွင့်
လှပစွာ ဖူးပွင့်ဖို့အတွက်
ရေလောင်း ပေါင်သင် ပေးတဲ့
ဥယျာဉ်မှူးတစ်ယောက်
မရှိမဖြစ် လိုအပ်သလို...။
လောက အလယ်မှာ
တပည့်ကောင်းတစ်ယောက်
ပေါ်ပေါက်ဖြစ်ထွန်းဖို့အတွက်
ပြုစုပျိုးထောင် ပေးတဲ့
ဆရာကောင်း တစ်ယောက်
မရှိမဖြစ် လိုအပ်ပါတယ်...။
ဆရာက ပန်းကိုပျိုးတတ်တဲ့
ဥယျာဉ်မှူးဆိုရင်...
တပည့်တွေကတော့
ဆရာပျိုးလိုက်လို့
အရောင်အသွေး စုံလင်စွာနဲ့
ဖူးပွင့်လာကြတဲ့
ပန်းလေးတွေပေါ့...။
မောင်ငယ်ရင်သွေး
(ပန်းတနော်)