Friday, July 4, 2014

ကဗျာအရှင်..သို့ (ချမ်းသူအောင်)

ချစ်သူ.....
ကဗျာတစ်ပုဒ်ဖြစ်ဖို့
ငါ...မင်းကို..ချစ်ပြနေတာမဟုတ်ဘူး ။
ချစ်သူ. ......
မင်းကို....ချစ်လွန်းလို့
ငါ့..ရင်ထဲက..
ကဗျာတွေဖြစ်လာတာပါ ။
ချစ်သူ.....
ငါရေးကဗျာ
ငါ့...စာလွှာဟာ
ကာရံမဲ့ရင်..မဲ့မယ်
ခံစားချက်မမဲ့ပါဘူး ။
အကြင်နာနည်းရင်..နည်းမယ်
စေတနာမနည်းပါဘူး ။
ပညာသားပါချင်မှ..ပါမယ်
သညာတောာ့ရပါတယ် ။
ချစ်သူ......
မင်းနဲ့မချစ်ခင် ဟိုယခင်က
ငါရေးကဗျာ ငါ့စာလွှာဟာ
အချစ်ကိုဖွဲ့သုံး အကောင်းဆုံးထင် ။
ချစ်သူ....
မင်းနဲ့ချစ်ခင် တူပျော်စဉ်က
ငါရေးကဗျာ ငါ့စာလွှာသည်
ချစ်ခရီးရှည် လက်တွဲနေဖို့
တစ်ယောက်အပူလက်စွဲကူကာ
တိုင်ပင်ရေးဖွဲ့ ခေါ်ဆောင်ခဲ့တယ်
ကြည်နူး၍သာဖြေသာလျက် ။
ချစ်သူ.....
မင်းနဲ့ဝေးပြီး ဘ၀ခရီးမှာ
တစ်ကိုယ်တည်းလျှောက်
ဟို...ဒီရောက်တော့
ငါရေးကဗျာ ငါ့စာလွှာဟာ
ကြားမြင်တွေ့ကြုံ
တိုက်ဆိုင်ပုံကို
သီကုန်းရေးဖွဲ့
လွမ်းတတ်ခဲ့ပြီ
လွမ်းတဲ့နေရာမှာ အသာဆုံး ။
ချစ်သူ....
ငါရေးကဗျာ ငါ့စာလွှာသည်
မင်းကိုမှီတွယ်
မင်းကိုနွယ်၍
ခစားရေးခြစ် ထုဆစ်ဆက်သွင်း
ငါခင်းကျင်းသည်
လွမ်းပြီးလွမ်းတယ်
လွမ်းတဲ့သူက
အရှင်မင်းသာဖြစ်ပါသည် ။
သခင်...မင်းသာဖြစ်ပါသည် ။