အိပ်မက်ထဲမှာခုထက် ပိုလှနေတယ် မမသွယ် (၁)- Nay Ya Eain
သီးချင်းတစ်ပုဒ်က
ဝေဒနာအားလုံးကိုလှုပ်ဖွခဲ့တယ်ဆိုရင်
ကျွန်တော့်စကားကို မမသွယ်ယုံပါ
ရိုင်းစိုင်းလွန်းတဲ့ဘဝကံတရားထဲက
မြင်းရိုင်းလိုပြေးသွားတဲ့ညနေခင်များ
ကျနော်အားလုံးကိုပြန်ရခဲ့ပါတယ် မမသွယ်
အိပ်မက်ထဲမှာနွေဦးကိုအရောက်သွားမယ်
နှင်းဆီရထားပေါ်မှာ
အားလုံးကိုပြန်တွေ့ရမယ်
မမသွယ်လည်းပါတယ်
ပြီးတော့
ဘဝမှာကိုယ့်အစာအိမ်ကို
အကြိမ်ကြိမ်အချိန်မှားဖြည့်တင်းပြီး
သွေးကြီးနေတဲ့
ဟောဒီကောင်'နေရအိမ်'လည်းပါတယ်
"မာယာကော့ဗ်စကီး" မဟုတ်ဘူး
"ထူးအိမ်သင်"ပါ မမသွယ်
ကဗျာမဟုတ်ဘူး 'သက်ငြိမ်'သီချင်းပါ
ဒါပေမယ့် ဒါဟာကဗျာတစ်ပုဒ်ပါပဲ
'ပြန်လာခဲ့မယ်'တဲ့ ပြောခဲ့ဖူးတယ်
အဲဒါနွေဦးလေ
နွေဦးရောက်ရင် ကောင်းကင်ပေါ်လွတ်တင်ဖို့
ဒီသီချင်းကိုကူးထားပါ့မယ်
မကြာခင်မိုးရွာတော့မယ် မမသွယ်
ချောင်းတက်တွေမကောသမျှ
ဟောင်းရွက်တွေမျောရမယ်ဆိုတာလေ
(ဟုတ်ပါတယ် အိပ်မက်ထဲမှာ ခုထက်
ပိုလှနေပါတယ်မမသွယ်)
နေရအိမ်
သီးချင်းတစ်ပုဒ်က
ဝေဒနာအားလုံးကိုလှုပ်ဖွခဲ့တယ်ဆိုရင်
ကျွန်တော့်စကားကို မမသွယ်ယုံပါ
ရိုင်းစိုင်းလွန်းတဲ့ဘဝကံတရားထဲက
မြင်းရိုင်းလိုပြေးသွားတဲ့ညနေခင်များ
ကျနော်အားလုံးကိုပြန်ရခဲ့ပါတယ် မမသွယ်
အိပ်မက်ထဲမှာနွေဦးကိုအရောက်သွားမယ်
နှင်းဆီရထားပေါ်မှာ
အားလုံးကိုပြန်တွေ့ရမယ်
မမသွယ်လည်းပါတယ်
ပြီးတော့
ဘဝမှာကိုယ့်အစာအိမ်ကို
အကြိမ်ကြိမ်အချိန်မှားဖြည့်တင်းပြီး
သွေးကြီးနေတဲ့
ဟောဒီကောင်'နေရအိမ်'လည်းပါတယ်
"မာယာကော့ဗ်စကီး" မဟုတ်ဘူး
"ထူးအိမ်သင်"ပါ မမသွယ်
ကဗျာမဟုတ်ဘူး 'သက်ငြိမ်'သီချင်းပါ
ဒါပေမယ့် ဒါဟာကဗျာတစ်ပုဒ်ပါပဲ
'ပြန်လာခဲ့မယ်'တဲ့ ပြောခဲ့ဖူးတယ်
အဲဒါနွေဦးလေ
နွေဦးရောက်ရင် ကောင်းကင်ပေါ်လွတ်တင်ဖို့
ဒီသီချင်းကိုကူးထားပါ့မယ်
မကြာခင်မိုးရွာတော့မယ် မမသွယ်
ချောင်းတက်တွေမကောသမျှ
ဟောင်းရွက်တွေမျောရမယ်ဆိုတာလေ
(ဟုတ်ပါတယ် အိပ်မက်ထဲမှာ ခုထက်
ပိုလှနေပါတယ်မမသွယ်)
နေရအိမ်