ဒေဟရာဇ် ပုတ်သင်
ငါ့ အမှားအတွက်
ငါ့လက်သန်း တစ်ဆစ်ဆိုရင်
ငါ့ အမှန်တရားအတွက်လည်း သင့်လက်သန်းတစ်ဆစ်တော့လိုလိမ့်မယ်။
သားတကွဲမယားတကွဲအလွမ်းတွေက ငယ်ငယ်ကစာသိုက်ဖျက်မိတဲ့နောင်တလိုမျိုး
ဝေဒနာက ရင်ကိုဖောက်စူးတိုင်း
ငါ့ဖြစ်တည်မှုကို ရွံ့ရှာမှုအပြည့်နဲ့
ပဌာနာခဲ့ရတယ်
တစ်လောကလုံးရဲ့အကြောက်တရားကိုမှ
ငါက လှောင်ရယ်ချင်သူပေပဲ။
သားရေပြားတင်းနေတဲ့ ဒရမ်လို မျက်နှာတွေလည်း တင်းသထက်တင်းခဲ့
ငါ့ကိုတီးတဲ့အခါ အသံမာမာတွေသာထွက်ခဲ့
နှုတ်ပိတ်ဖို့ရေငုံထားခဲ့ မပြုပြင်ဘဲနေခဲ့
စိတ်ခန္ဓာလည်း အကျင့်ပါခဲ့
ရင်ခုန်သံချင်းညီမှ
နှုတ်ခမ်းချင်းရိုက်ချင်ခဲ့
တံငါလုပ်မယ့်ကောင်ငါးဖမ်းနည်းသင်ခဲ့ ပုတ်သင်လို ရာသီပြောင်းပြီးခေါင်းညိတ်ခဲ့ လူအဖြစ်ကို
ငြီးငွေ့ကျွမ်းလောင်ခဲ့တာလည်း ကြာခဲ့။
တီကျူး