"ကျီစယ်ခြင်း´´
~~~~~~~~
ငါက
ညခင်းကို ဖက်တွယ်မိချိန်
နံနက်ကအစောကြီး ထတယ်။
ငါက
အိပ်မက်နဲ့ စစ်တိုက်နေချိန်မှာ
နံနက်က မပွင့်ဟနိုင်ဘူး..
နံနက်ကိုဖွင့်ဖို့
သော့ပျောက်နေတယ်
ဆိုပါတော့ ...။
ငါက
သူ့ရဲ့ရဲရင့်မှုကို
ကြုံးဝါးတုန်းရှိသေး
သူက...တောင်စွယ်မှာ
မေးတင်နေလေပြီ ..။
ငါက
သူ့ရဲ့အလှတရားကို
ဖွင့်ဟ သီဆိုချိန်
သူကတော့ တနေရာမှာ
ရှိပါစေတော့ .....
လေပြေအနမ်းကို
ငါရခဲ့လဲ
လွမ်းမောခြင်းကတော့
ညခင်းနှင့်အတူ
ငါ့ကိုကျီစယ်လို့
နံနက်ကို ပုန်းနေအုံးမှာပဲ ...။
Thushin[kalay]
~~~~~~~~
ငါက
ညခင်းကို ဖက်တွယ်မိချိန်
နံနက်ကအစောကြီး ထတယ်။
ငါက
အိပ်မက်နဲ့ စစ်တိုက်နေချိန်မှာ
နံနက်က မပွင့်ဟနိုင်ဘူး..
နံနက်ကိုဖွင့်ဖို့
သော့ပျောက်နေတယ်
ဆိုပါတော့ ...။
ငါက
သူ့ရဲ့ရဲရင့်မှုကို
ကြုံးဝါးတုန်းရှိသေး
သူက...တောင်စွယ်မှာ
မေးတင်နေလေပြီ ..။
ငါက
သူ့ရဲ့အလှတရားကို
ဖွင့်ဟ သီဆိုချိန်
သူကတော့ တနေရာမှာ
ရှိပါစေတော့ .....
လေပြေအနမ်းကို
ငါရခဲ့လဲ
လွမ်းမောခြင်းကတော့
ညခင်းနှင့်အတူ
ငါ့ကိုကျီစယ်လို့
နံနက်ကို ပုန်းနေအုံးမှာပဲ ...။
Thushin[kalay]