ပုံပြင်
တစ်ခါတုန်းက
မီးရထားသံလမ်းတစ်လမ်းနဲ့လူတစ်ယောက်ကို
မီးရထားတစ်စင်းနဲ့ လူတစ်ယောက်က
ခုတ်မောင်းသွားတယ်။
ဘ၀တစ်ခုလို အလွမ်းစိတ်က
ဘ၀တစ်ခုလို သံထည်ဘီးမှာ
ဘ၀နဲ့ဝေးရာ အတင်းတွယ်ကပ်
သွေးသံတရဲရဲ လိုက်ပါသွားတယ်။
စင်းစင်းသေကျန်ရစ်ခဲ့တဲ့
သံလမ်းနံဘေး
လူဝင်စားခွေးလေးတစ်ကောင်ပေါ့
ည ... ည ...
ရထားခုတ်မောင်းလာပြီဆိုတာနဲ့
အပူတပြင်း ဆွဲဆွဲငင်ငင်အူသံရှည်
ပေးပေးနေရတာသံသရာတစ်ဆုံး
တုန်လှုပ်ချောက်ချားလို့ မဆုံးတော့တယ်။ ။
စိုင်းဝင်းမြင့် (ချယ်ရီမဂ္ဂဇင်း)