Friday, July 18, 2014

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၂) တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၂) တာယာမင်းဝေ

ကျွန်တော်မှတ်မိသမျှ
မေမေ့မျက်လုံးဟာ
ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊ နှင်းစက်တွေဖုံး
နေရောင်တွေလည်း
ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက
မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင်
ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ...
သူ့ကိုယ်သူဖြန့်ခင်းပြီး
ကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ် ။

မုသားတစ်လွှာမာယာတစ်ထပ်၊ ဝတ်ရည်တစ်စက်နဲ့
အို...ခတ္တာရေ
ပုခက်လွှဲသောလက်တွေနဲ့
ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင်
ပုခက်ဖြစ်ပြခဲ့တယ် ။

အမေအဖြစ်
စုန်ရေသစ်စီးကြောင်း၊
တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

နောက်အပိုဒ်ဆက်ရန်.....