Tuesday, July 29, 2014

လွမ်းစေသတည်း (အယ်ပိုင်)

လွမ်းစေသတည်း

ဒီနေ့...
တိတ်ဆိတ်နေတဲ့စာရွက်ဖြူပေါ်
ညက အိပ်မက်ကိုချရေးမိတယ်..
မျဉ်းကြောင်းတွေက
တချို့ကဖြောင့်ပြီး
တချို့ကကောက်လို့

လောကကြီးပက်လက်ဖြစ်သွားချိန်
ယ,ပလက်ကိုထမ်းပြီးငါခရီးထွက်ခဲ့တယ်
ဖြောင့်မျဉ်းပေါ်က ဒဏ်ရာရထားကြီးနဲ့ပေါ့...
လေတွေကဖြည်းဖြည်းခြင်း
ငါ့ရင်ခွင်ဇစ်ကိုဆွဲဖွင့်တယ်
ကြယ်တွေက ခေါင်မိုးကိုဖြဲပြီး
ငါ့နှလုံးသားကို ငုံ့ကြည့်တယ်..
အိပ်မောကျနေတဲ့မြူမှုန့်တွေက
ယိုင်လဲလုဆဲငါ့ခြေလှမ်းတွေကြောင့်
စောင်ကိုအသာလှစ်ပြီးမော့ကြည့်တယ်..
ထိုအချိန်၌...
ကဝေပျိုမတစ်ယောက်
ရင်ခွင်သိုက်ကိုဖောက်ဖို့
အနက်​​ရောင်​မာယာပေါ်မှာ
အဖြူရောင်ခြုံပြီးတစ်လှမ်းချင်းလျှောက်
ငါ့ရှေ့မှာဒူးလာထောက်တယ်..
ငါ...သူကိုဖေးမဖို့လက်ကမ်းတော့....
လှမ်းတဲ့လက်မရောက်ခင်...
နေမင်းကြီးပြေးထွက်လာပြီး..
ငါ့မျက်စိကိုအတင်းဆွဲဖွင့်တယ်...

နောက်ဆုံးမျဉ်းကြောင်း၏
အိပ်မက်နိဂုံးကာ...
လွမ်းစေသတည်း...တဲ့

အယ်ပိုင်