Friday, July 18, 2014

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁၀)၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁၀)၊ တာယာမင်းဝေ

သား....
၁။ တိမ်တွေပျံတာ
မိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်
တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်း
ဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် ။
ဖိနပ်လည်းအခါခါပေါက်ခဲ့...

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ ။

ဧရာဝတီမေမေ၊
ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ ။

ခု...မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာ
ဝင်းရှင်းပေါက်ကွဲ နီလဲ့..
လူတဆုံး ဝိညာဉ်တဆုံး၊
အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
မေမေ ..

နောက်အပိုဒ်ဆက်ရန်....