Tuesday, July 29, 2014

စင်​သီယာ ၅

စင်​သီယာ ၅

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်းများစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သ​ရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ် မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့အာရုံလူသတ်ကွင်းထဲ သားရဲတွေအစာတောင်းပြီး အသက်နဲ့အညီအမျှ
ကျိန်ဆိုမိုးပြိုတယ်
စင်​သီယာ မင်းကိုငါချစ်တယ်

သျှပ်မှူးကျော်