Friday, July 18, 2014

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၃) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၃) ၊ တာယာမင်းဝေ

ခြေထောက်တွေက
လှေကားထစ်အတိုင်းတက်သွားပြီး..
လူကလှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့မရဘူး
ကျွန်တော့်ကိမေမေပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရမွန်းလွဲအိုတစ်ခုက
မေမေ့ကိုလုသွားတယ် ။

နေပူအရပ်ရဲ့
ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊ လူငယ်တစ်ယောက်ရဲ့
နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ် ။
လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့
ပျက်သွားမှာပါ ။
ဒါပေမယ့် မေမေရယ်.......

နောက်အပိုဒ်ဆက်ရန်...