အင်းလေးသို့...
"မဗေဒါ"ပန်းပန်လျက်
ရေပြာကိုလက်ပစ်ကူး
ရာသီမကူးခင်..
ဖောင်တော်ဦးကို ဘုရားဖူးမလို့ တဲ့
"ကိုဇင်ယော်"တောင်ပံဖြန့်
တောင်အရပ်ကိုဝဲ
လေဆန်ကိုခွဲပျံနေတယ်..
ရာသီမနှောင်းမီ
ဖောင်တော်ဆီသို့ ဘုရားဖူးမလို့ တဲ့
နံရံထက်က"ဦးအိမ်မြှောင်"
တောင်အရပ်ကိုမျှော်ဖူး
သူလည်း..ဝါဆိုဦးမို့
ဖောင်တော်ဦးကိုဖူးနေတယ် တဲ့
အို...အမောင်
လှေ,တက်ကိုဆွဲ တွဲလက်ညီစေ... ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်..
"ပင်နီ"များ ဆင်မြန်းကြကိုယ်စီ..
အို....နှမ
ပါးပြင်မို့ထက် ပါးကွက်ကိုတင်
ဆွမ်းချိုင့်ကိုဆွဲ လက်တွဲညီစေ...
ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်
"ကြာနီ" လည်း ကိုင်ထားကြကိုယ်စီ...
အယ်ပိုင် (အင်းဆားကူး)
"မဗေဒါ"ပန်းပန်လျက်
ရေပြာကိုလက်ပစ်ကူး
ရာသီမကူးခင်..
ဖောင်တော်ဦးကို ဘုရားဖူးမလို့ တဲ့
"ကိုဇင်ယော်"တောင်ပံဖြန့်
တောင်အရပ်ကိုဝဲ
လေဆန်ကိုခွဲပျံနေတယ်..
ရာသီမနှောင်းမီ
ဖောင်တော်ဆီသို့ ဘုရားဖူးမလို့ တဲ့
နံရံထက်က"ဦးအိမ်မြှောင်"
တောင်အရပ်ကိုမျှော်ဖူး
သူလည်း..ဝါဆိုဦးမို့
ဖောင်တော်ဦးကိုဖူးနေတယ် တဲ့
အို...အမောင်
လှေ,တက်ကိုဆွဲ တွဲလက်ညီစေ... ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်..
"ပင်နီ"များ ဆင်မြန်းကြကိုယ်စီ..
အို....နှမ
ပါးပြင်မို့ထက် ပါးကွက်ကိုတင်
ဆွမ်းချိုင့်ကိုဆွဲ လက်တွဲညီစေ...
ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်
"ကြာနီ" လည်း ကိုင်ထားကြကိုယ်စီ...
အယ်ပိုင် (အင်းဆားကူး)