Tuesday, July 29, 2014

ငါ့ဘဝရဲ့လမင်း (စိုးရတနာ)

ငါ့ဘဝရဲ့လမင်း

မင်းနဲ့ဝေးလို့ ရင်ဝယ်ပိုက်မိတဲ့
မရှိမဲ့,ရှိမဲ့ဒဏ်ရာတွေကို
ဂုဏ်ယူစရာတခုလို
ရင်ထဲမှာပဲသိမ်းထားလျက်ပေါ့
လမ်းတွေ့လို့များ ကြုံကြိုက်ခဲ့ရင်
ရင်ဘတ်ထဲက အလွမ်းတွေ
ရှက်လန့်တကြားနဲ့
ပိုင်ရှင်မဲ့သလိုခံစားနေရတယ်။
ငါ့ရဲ့ခံစားချက်တွေကို
နင်တစ်ယောက်သိနေခဲ့ရင်
မခေါ်မပြောဘဲနေမှာလား
ရယ်သွမ်းသွေးနေမှာလား
တခုတော့ခံနိုင်စွမ်းမရှိဘူး
ဆုံတွေ့ခွင့်တွေ ခမ်းသွားတဲ့အခါ
အဖြူရောင်ကို ရင်ဘတ်ထဲထည့်လို့
သူငယ်ချင်းအဖြစ်နဲ့ အရိပ်လိုနေရမလား
မြတ်နိုးမှုတွေထုတ်ဖော်လို အဝေးဆုံးကိုပဲ ထွက်သွားရမလား....
နင်ပဲဆုံးဖြတ်ပေး...

ငါ့ဘဝရဲ့လမင်း

စိုးရတနာ