Tuesday, July 29, 2014

အသည်းစွဲကဗျာဆရာ ၄ (အောင်ချိမ့်)

အသည်းစွဲကဗျာဆရာ ၄ (အောင်ချိမ့်) 

လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။

‘ဂျွန်လ၏ မိုးရေများ’.. မှ

အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။

အောင်ချိမ့်