Friday, July 4, 2014

ရှည်​ကြာလွမ်းတဲ့​နေကြာနွမ်း (ခွန်​ထွိုက်​ခမ်း)

နင်က နေမင်းဆိုရင်
ငါက နေမင်းရွေ့သွားရာကို
ငေးမောနေတဲ့
နေကြာပန်းကလေးပေါ့
နေမင်းမရှိရင်
နေကြာလေးရဲ့ဘဝကတော့
နွမ်းလျဆွေးမြေ့နေမှာပေါ့
နေ့စဉ်နေ့တိုင်း
နေမင်းကိုမျှော်နေတဲ့
နေကြာလေးရဲ့အဖြစ်ကို
ဟိုးအမြင့်မှာရှိတဲ့
နေမင်းကမသိကျိုးကျွံပြုနေတော့
နေကြာပန်းလေးက
ညိုးနွမ်းဆွေးမြေ့နေရုံအပြင်
ဘာတတ်နိုင်မှာလဲ..

♥♥ခွန်​ထွိုက်​ခမ်း♥♥