ချစ်သူရယ်
မင်းလျှောက်လှမ်းဖို့အတွက်
ငါလမ်းခင်းပေးထားတယ်
လမ်းရဲ့ဘေးတစ်ဖက်မှာ
မင်းစိတ်ကြည်နူးစေဖို့
ပန်းခင်းလေးများလဲပျိုးထားတရ်
ကျန်နေတဲ့လမ်းရဲ့
ဘေးတစ်ဘက်မှာတော့
စမ်းချောင်းငယ်လေး
ဖန်တီးပေးထားတယ်
မင်း စိတ်ရောကိုယ်ပါ
သာယာစိုပြေဖို့အတွက်လေး
မင်း ခြေဖဝါးနုနု
သွေးခြေမသမ်းရအောင်လဲ
သွားလမ်းတစ်လျှောက်
ပန်းခင်းပေးထားတယ်
မောပန်းနွမ်းနယ်တဲ့အခိုက်
အမောပြေနားဆင်ဖို့
သဘာဝရဲ့တေးသံရယ်လို့
ဆိုရလေမလား.?
ကျေးငှက် သာရကာတွေရဲ့
တေးကျူသံတွေကိုလဲ
မငြီးတမ်းနားဆင်နိုင်တယ်
မင်းပျော်နိုင်မလားချစ်သူ
ဖြစ်နိုင်ရင်
အလွမ်းအဆွေးတွေနဲ့ဝေးရာ
ငိုခြင်းတရားတွေမရှိရာ
ချစ်ခြင်းများစွာသက်သက်
ကမ္ဘာတစ်ခုများရှိခဲ့မယ်ဆိုရင်
ခေါ်သွားပေးချင်ခဲ့တာပါ
ငါမငြိုငြင်ဘူး
အပြစ်မမြင်ဘူးချစ်သူရယ်
ငါ့ဘဝတစ်ခုလုံးကိုခင်းပြီး
နင်းလျှောက်ချင်တယ်ဆိုရင်လဲ
မင်းစိတ်တိုင်းကျ မင်းအလိုကျ
နင်းလျှောက်ပါ
နာကျင်ခံစားရလဲ
မင်းမရိပ်မိအောင်နေမယ်
ငါမင်းကိုချစ်ခဲ့တာ
အဖြူစင်ဆုံးအချစ်နဲ့
ပေးဆပ်ခြင်းသက်သက်
ချစ်ခဲ့တာပါ။
❦Alkhaeluu❦
