Friday, July 4, 2014

အချစ်​စစ်​ ✏ ​အောင်​မင်းခန့်​✏

နှလုံးသားတစ်ခုဟာ..
ဒဏ်​ရာတွေဗလပွနှင့်​ခြေချစရာမရှိအောင်
ကြေမွနေတာတောင်​မှ
အချစ်တစ်ခုကို မျှော်လင့်ဆဲပါ
ရူးသွပ်မှုတွေထဲက
အမိုက်မဲဆုံး ဆန္ဒတစ်ခုပေါ့

မပိုင်​ဆိုင်​ရင်လည်း ချစ်တယ်
စွန့်ပစ်ထားခဲ့ရင်​လည်း ချစ်တယ်
ဘယ်လောက်ထိ ချစ်သလဲဆိုရင်
နောက်ဆုံး ထွက်သက်ထိ
ဘာတစ်ခုမှ မရလည်း ချစ်တယ်

အရာအားလုံးကိုခွင့်လွတ်တယ်ဆိုပေမဲ့
သဝန်တိုတဲ့ခံစားမှု ဘယ်သူကမရှိပဲနေမှာလဲ စာနနာတတ်တဲ့ ခံစားမှုနဲ့
ညှာတာငဲ့ကွက်မလားလို့
အားကိုးမျှော်ငေးတေးတွေဆိုရတာလည်း ည​ပေါင်းများစွာပါ

ကြေကွဲအပြုံးတွေနဲ့
ရင်​ကွဲလို့ကျခဲ့ရတဲ့မျက်​ရည်တွေ
ချစ်သူ သိတာလည်းရှိမယ်
ချစ်သူ မသိတာလည်း ရှိမယ်
တကယ်ဆိုရင်ချစ်သူ....
မင်းဟာကိုယ့်​အ​ပေါ်မှာ
ရက်စက်တတ်ဆုံးလူသားတစ်ယောက်လား

စိတ်နာဖို့ကောင်းခဲ့ပေမဲ့
မနာနိုင်​ခဲ့ဘူး....
မမုန်းနိုင်​ခဲ့ဘူး.....
မ​မေ့နိုင်​ခဲ့ဘူး....ချစ်သူရယ်

ချစ်သူ မင်းကကိုယ့်​ကို
စွန့်ပစ်သွားခဲ့တာကိုယ့်​ရဲ့
အားနည်းချက်ကြောင့်လား
ဒါမှမဟုတ်ကံကြမ္မာရဲ့
ရိုးမယ်ဖွဲ့မှုကြောင့်လား

ပတ်သတ်ခဲ့သမျှဟာ
အိပ်မက်တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်......
ခုချိန်မှာ....
မင်းပေးခဲ့တဲ့ ဒဏ်​ရာတွေနဲ့
ကိုယ်​ဟာ လန့်​နိုးခဲ့သူပါ

ခံစားချက်မဲ့တဲ့နေ့ရက်တွေကို
ကျော်ဖြတ်​ရင်းနဲ့နေရစ်ခဲ့မယ်ချစ်သူရယ်
ပျော်ရွှင်ခြင်းရဲ့အခြားတစ်ဖက်မှာ
ကြေကွဲဝမ်းနည်းခြင်းတွေရှိခဲ့တယ်ဆိုတာ
ကိုယ်မသိလိုက်မိဘူး.....

❦ အောင်​မင်းခန့် ❦