လေပြည်လေးတွေ တိုက်ခတ်နေချိန်
ပူဆွေးမှုကိုခံစားရတဲ့ ငါ့ရင်ထဲက
ဖြစ်ရပ်တွေကို မင်းမြင်နိုင်မှာလားချစ်သူ အတိတ်ကအကြောင်းတွေ
ပြန်တွေးတိုင်းငိုကြွေးရင်း
ကျခဲ့ရတဲ့မျက်ရည်တွေရဲ့
ခံစားမှုကိုရောမင်းသိမှာလား
ရာသီတွေအလီလီပြောင်းပေမယ့်
ငါရင်ထဲမှာအချစ်တွေကတော့ ပြောင်းလဲမှာမဟုတ်ဘူး
ထာဝရမင်းအတွက်
ဖွင့်ဟထားတဲ့ဒီရင်ခွင်ထဲကို
ခိုဝင်လာမယ့်အချိန်ကိုသာ
ကြည်နူးစရာ ပုံရိပ်လေးတွေအဖြစ်
ပုံဖော်ရင်း စောင့်မျှော်နေမှာပါချစ်သူ
