Friday, July 4, 2014

ကြယ်​​ကြွေနိဂုံး

တအုံနွေးနွေးနဲ့ သွန်ချခံလိုက်​ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ အတွင်းကြေဆိုတဲ့ ဒဏ်​ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်​သက်​ ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့.....

တစ်လောကလုံးအုံ့မှိုင်းတဲ့ရာသီနဲ့
ဒီကမ္ဘာကျဉ်းကျဉ်းလေးထဲက
ဖ​ယောင်းတိုင်​လိုလူတစ်ယောက်
ကိုယ့်ဒဏ်​ရာကိုပျောက်ဖို့
သက်ပြင်းကို ဖျော်ချနေမိခဲ့....

ပျောက်ဆုံးနေတဲ့ဘုံဗိမ္မာန်အတွက် ပဉ္စလက်ဆန်ဆန် ရှာဖွေတွေ့နိုင်​ဖို့
နတ်ပျိုမရဲ့အပြုံးတစ်ပွင့်နဲ့
ရင်ငွေ့လှုံ ပန်းသီးတစ်လုံး သံယောဇဉ်နဲ့စားသုံးဖို့လိုအပ်နေခဲ့....

ဝင်​ရိုးစွန်းအတွက်သူရိယနဲ့
အပြုံးမျက်နှာဟာအိပ်မက်ဆန်ဆန် ပန်းချီတစ်ချပ်ဖြစ်ခဲ့ချိန် မွန်းကြပ်မှုအလုံးအရင်းရဲ့
ထိုးစစ်ဆင်ခြင်းမှာကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး အာရုံခြောက်ပါးဆုံးရှုံးရင်း ကြယ် သက် ကြွေ ခဲ့ တယ်​...