Friday, July 4, 2014

ငါ့အချစ်​ရဲ့ အလွမ်းမှတ်တမ်း

မနက်ခင်းတစ်ခုကို ကန့်လန့်ကာဖွင့်လိုက်ကတည်းက
အလွမ်းနဲ့စခဲ့ရတယ်. တေးဆိုငှက်တစ်ချို့ရဲ့သာယာသံ
ရင်​နံရံမှာ.... လွမ်းချင်းညည်းသလိုပဲ
နင့်ကို အမြဲသတိရတယ်.

နေထိပန်းက​လေးတစ်ပွင့်
တစ်ဖျတ်ဖျတ် အားယူပွင့်ဝေနေပုံများ ငါ့အနားမှာ နင်​ရှိခဲ့တုန်းကလို အပိုအလိုမရှိ ပြီးပြည့်စုံလွန်းပါတယ်
အဲဒီလိုနဲ့.....တစ်ယောက်တည်းဆွေး အ​တွေးရဲ့ခြေလှမ်းတွေကနယ်ကျွံ အလည်လွန်ခဲ့တဲ့
နင့်အတွက်​ အချစ်တွေ
အိမ်ပြန်​မ​ရောက်နိုင်တော့ဘူးကွယ်.

ယဉ်ယဉ်​က​လေးပါပဲ နင့်ရဲ့ခေါင်းတစ်ချက်အရမ်းမှာ
အနာဂတ်က လမ်းပျောက်သွားခဲ့သလိုပဲ အိပ်မက်မျက်ဝန်းမှာ ပုလဲဥတို့ကွန်းခိုခဲ့ပြီ....

လာခြင်းမ​ကောင်းခဲ့တဲ့
ငါ့အချစ်တွေအတွက်
မှတ်တိုင်​တစ်​ခုတော့ စိုက်ထူနိုင်ကောင်းပါရဲ့ကွယ်.

စမ္ပာယ်တွေ ကြယ်လိုဝေတဲ့ည
ငါ နင့်ကိုသတိရတိုင်း
ကဗျာအပိုင်းအစ​တွေနဲ့စိတ်ဖြေမယ်

ချစ်မိသူရေ အခု........
ငါ ဘရန်ဒီတစ်ခွက်
အလွမ်းတစ်စက်ငါ့ ရင်​ဘတ်​နဲ့ နင့်အ​ကြောင်းရေးမယ်
ငါ့...နင့်...ကို...လွမ်း...တယ်
အနာဂတ်ထဲက
အတိတ်​ရဲ့အလွမ်း
ငါ့ အချစ်​ရဲ့မှတ်တမ်းပေါ့ကွယ်.