ရင်ခွင်ဟောင်း....
အပေါ်ယံလေးချစ်ပြယုံနဲ့
ငါကျေနပ်နေမိတယ်
နောက်ကွယ်မှာဘာတွေဖြစ်ဖြစ်ငါခွင့်လွှတ်နေမိတယ်
ရန်ဖြစ်တိုင်းလဲငါအရှုံးပေးနေမိတယ်
အရာရာ မင်းစိတ်တိုင်းကျ ငါနေခဲ့မိတယ်..
မင်းဘာပဲလုပ်လုပ် ငါအကောင်းမြင်ပေးနေမိတယ် ဒီလောက်နားလည်ပေးတာ...
ငါချစ်တဲ့အချစ်မျိုး
မြူမှုန့်လောက်ပြန်ရရင်
ငါအချစ်ကို စံပြအဖြစ်ထားမယ်
ဒါလဲ ငါအတွက် စိတ်ကူးလေးပါ...
ငါရင်ခွင်ကိုစုံကန် ရင်ခွင်သစ်ကိုရှာလည်း
အပြုံးလေးနဲ့ကြိတ်ခံစားမယ်
သူပျော်ပါစေလို့ဆုတောင်းရင်း
မပြီးဆုံးတဲ့ မနက်ဖြန်များကို
ခေါင်းငိုက်စိုက်နဲ့ လျှောက်လှမ်းရတော့မယ်....
တကယ်လိုများ...
ရင်ခွင်သစ်မှာမပျော် တော်တော်ပဲစိတ်အိုက်
သိပ်မိုက်တဲ့အတွေးတွေဝင်ခဲ့ရင်
ထင်ရာတွေလျှောက်မလုပ်နဲ့
ရင်ခွင်ဟောင်းဆီပြန်လာခဲ့ပါ ချစ်သူရယ်...
