Thursday, July 10, 2014

အမေ(နွေဦးကို)

အမေ(နွေဦးကို)

အမေနဲ့ဝေးမှ
အမေ့ရဲ့ယုယမှုတွေတမ်းတ
လွမ်းရသမျှမျက်ရည်ဝဲမိတယ်
သြော်••ခုဆိုရင်
အမေ့ရင်ခွင်နဲ့ဝေးခဲ့တာ
နှစ်တွေအတော်ကြာခဲ့ပြီပဲ
အမေကပြောတယ်
ပမ်းသမျှလုပ်ငန်း
စားရသမျှထမင်းကြမ်း
ဟောင်းနွမ်းတဲ့
အဝတ်ကြမ်းလေးတွေဝတ်နေရပေမဲ့
သားတို့ရုပ်ပုံလွှာလေးတွေ
တွေ့မြင်လိုက်ရရင်ကိုပဲ
သင်ပုန်းချေပြီးသားဖြစ်သတဲ့
အမေတိုက်တဲ့နို့ချိုနဲ့
ဆက်ခဲ့ရတဲ့သားတို့အသက်တွေ
အတော်ကြီးနေပြီအမေ
အသက်တွေ
ဘယ်လောက်ကြီးကြီး
ကမ္ဘာတည်သရွေ့ရှင်သန်နေမယ့်
အမေ့ချစ်ချင်းတရားတွေရှိတဲ့
အမေ့ရင်ခွင်ထဲကိုတော့
တိုးဝင်ခွင့်ပြုပါဦးလားအမေ။

နွေဦးကို