Saturday, July 12, 2014

ကောင်းကင်....

အရိပ်တစ်ခုရဲခြေရာနဲ့
ဝေးကွာလာခဲ့တဲ့သံယောဇဉ်
တံတားလေးမျှော်ငေးပြေးထွက်လေတော့
နှလုံးသားတစ်ခုရဲ့ရင်ခုန်ခြင်းတွေက
တံတိုင်းလေကာ ပိုင်းခြားခဲ့ပြီကော.....

အတွေးနယ်တစ်ချို့ရဲ့
လွမ်းမောဖွယ်လွင်ပြင်ထဲမှာ
ကမ္ဘာတစ်ခုကမှောင်အတိကျလို့
ချော်ရည်တွေပွက်ဆူနေတဲ့
ခါးသက်သက်ရင်ခွင်အလယ်မှာ
တစ်ခါတစ်ခါမျက်ရည်နဲ့
ချွေးကျမိတယ်ကွယ်

မျှော်လင့်ချက်တို့လမ်းစပျောက်လို့
ဒဏ်ရာများနဲ့ဒီအသည်းက
အမာရွတ်တွေကို
တယုတယနဲ့ထုဆစ်
ငါ ခြေလှမ်းမနက်ဖြန်များပာာ
အချစ်တစ်ခုပျောက်ရှချိန်မှာ
နေ့ ည များစွာကို
အမောဖောက်တဲ့ချိန်
ငါ့ အသက်နဲ့ ငါ့မျက်ရည်အတွက်
ရှင်သန်မှုကို မုန်းမိတယ်ပာာ....


ကောင်းကင်